Ch 1246 - 1248

98 11 0
                                    


ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

Book 90

Chapter-7

(မက်မွန်တောအုပ် အတွင်းသို့ မတော်တဆ ဝင်ရောက်မိခြင်း)


"ကျောက်တုံးပျံ….."

ရှေ့ဆုံးမှ ဦးဆောင်လာသော ကျောက်လူသားက ရုတ်တရက် အော်ဟစ်လိုက်သည်။ ကျောက်လူသားအားလုံးက ရပ်တန့်လိုက်ကြ၏။

သို့သော် သူတို့က တိုက်ခိုက်မှုများ ပြုလုပ်ကြမည့်ဟန် ပေါ်နေခဲ့ပြီး သူတို့၏ ခန္ဓာကိုယ်မှ ကျောက်တုံးအပိုင်းအစတစ်ခုကို ဖဲ့ယူ၍ လက်ဖြင့်ကိုင်မြှောက်ပြီး ယီယွမ်တို့ထံသို့ အသီးသီး  ပစ်လွှတ်လိုက်ကြသည်။

ကြောက်စရာကောင်းသော စွမ်းအားကြီးတစ်ခု နောက်မှရောက်လာခဲ့၍ ယီယွမ်က ကူရာကယ်ရာမဲ့စွာဖြင့် သူ၏ ခြေလှမ်းများကို ရပ်တန့်ပြီး ထိုအရာနှင့် ရင်ဆိုင်ရန် ပြင်ဆင်လိုက်ရသည်။

ကျောက်တုံးတစ်ဒါဇင်ကျော်က လေဟုန်ခွင်း၍ ရောက်လာခဲ့ပြီး မြားတံများနှင့်ပင် တူညီနေခဲ့သည်။

ယီယွမ်က မျက်နှာပျက်သွားခဲ့ပြီး မိစ္ဆာသုတ်သင်ခြင်းဓားကို ရုတ်တရက်ထုတ်ယူ၍ တိုက်ခိုက်လိုက်သည်။

"အမျက်ဒေါသဓားမီးကြာပန်း….."

ထန်း… ထန်း… ထန်း…..

သတ္ထုချင်းထိမိသံများ အတွဲလိုက် ထွက်လာခဲ့သည်။ မိစ္ဆာသုတ်သင်ခြင်းဓားက ထိုကျောက်တုံးများကို အဆက်မပြတ် ခုတ်ချနေခဲ့ပြီး ကျောက်တုံးနှင့်ဓား ထိတွေ့သောနေရာတွင်  မီးပွင့်လေးများပင် ထွက်လာနေခဲ့သည်။

ယီယွမ်၏ ခန္ဓာကိုယ်က ပြင်းထန်သော တန်ပြန်အားတစ်ခုကို ခံစားခဲ့ရပြီး နောက်သို့ပေထောင်ပေါင်းများစွာ ဆုတ်ခွာသွားခဲ့ရပြီးမှ သူ၏ခန္ဓာကိုယ်ကို တည်ငြိမ်အောင် လုပ်ဆောင်သွားနိုင်ခဲ့သည်။

သူ၏ ခန္ဓာကိုယ်က အစွမ်းထက်လှသော်လည်း လက်မနှင့်လက်ညှိုး အကြားမှနေရာက ထုံကျင်ကိုက်ခဲနေခဲ့သည်။

သို့သော်လည်း ထိုသို့ခုခံတိုက်ခိုက်ရမှုကြောင့် သူတို့၏ ဆုတ်ခွာရာလမ်းကြောင်းကို ကျောက်လူသားများက ပိတ်ဆို့သွားခဲ့ကြပြီဖြစ်သည်။

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား Part - 5 (Ch 1095 - .....)(ခွင့်ပြုချက်ရပြီး)Where stories live. Discover now