Book(96)Ch 1-3(or)Ch 1332 - 1334

99 9 0
                                    


ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ - ဖြိုးသူဝင်း

Book(96)

Chapter-1

(နှစ်ဖက်စလုံး အရေးနိမ့်ခြင်း)

"လော့ကျန့်… မင်းရဲ့အနာဂတ်က တကယ်ကို အကန့်အသတ်မဲ့တယ်… ပြည့်စုံခြင်းအဆင့် နက်နဲခြင်းဂူ နတ်တန်ခိုးရှင်အဆင့်ကို တက်ရောက်လာကာစ အခြေအနေမှာတောင် မင်းက ဒီအဖိုးကြီးနဲ့ အခုလိုအခြေအနေအထိ ရင်ဆိုင်တိုက်ခိုက်နိုင်စွမ်းရှိနေပြီ… ဒီကိစ္စက ဂုဏ်ယူဝင့်ကြွားဖို့ လုံလောက်နေပြီ….."

ဝမ်ယုကန်းကလည်း စိတ်ထဲ၌ အံ့အားသင့်တုန်လှုပ်နေခဲ့သည်။ လော့ကျန့်၏ ဥပဒေသများ  နားလည်မှုအဆင့်က သူမျှော်လင့်ထားသည်ထက် အများကြီး ပိုလွန်နေခဲ့ပြီဖြစ်၏။

အကယ်၍ လော့ကျန့်ကသာ ဆယ်နှစ်ခန့် စော၍ အဆင့်တက်ရောက်လာခဲ့လျှင် သူက လော့ကျန့်၏ ပြိုင်ဖက်ပင် ဖြစ်နိုင်တော့မည်မဟုတ်ပေ။

သို့သော် ယခုအချိန်တွင်မူ သူက လော့ကျန့်ကို အင်အားကြီးမားစွာ လွှမ်းမိုးထားနိုင်ခဲ့ပေသည်။ လော့ကျန့်က သေဆုံးရမည့် အဆုံးသတ်သို့ ရောက်ရှိအောင် တွန်းအားပေးခံထားခဲ့ရပြီဖြစ်၏။

သူ၏ လှံသိုင်းက လေးလံပြီး အစွမ်းထက်သည့်အပြင် အရှိန်နှုန်းကလည်း  နှေးကွေးခြင်းမရှိပေ။

လော့ကျန့်၏ လျင်မြန်သွက်လက်မှုက သူ၏ရှေ့မှောက်တွင် ထိရောက်မှု အကြီးအကျယ် လျော့နည်းသွားခဲ့သည်။

ရုတ်တရက်ပင် ဝမ်ယုကန်း၏ မျက်နှာအမူအရာက ပြောင်းလဲသွားခဲ့သည်။ ကြောက်စရာကောင်းသော ဓားအသိတစ်ခုက ကောင်းကင်ထိတိုင် တက်ရောက်သွားခဲ့၏။

လော့ကျန့်၏ တစ်ကိုယ်လုံးက မီးလောင်ခံထားရသကဲ့သို့ ဖြစ်သွားခဲ့ပြီး သူ၏ အရေပြားက နီရဲလာခဲ့သည်။

"ကောင်းကင်နဲ့မြေကြီး အပြန်အလှန် အသက်ရှည်ခြင်း….."

ချက်ချင်းပင် လော့ကျန့်၏ တစ်ကိုယ်လုံးမှ စွမ်းအားနှင့်  အမြန်နှုန်းက ဆယ်ဆပို၍  အစွမ်းထက်လာခဲ့သည်။

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား Part - 5 (Ch 1095 - .....)(ခွင့်ပြုချက်ရပြီး)Where stories live. Discover now