Book(99)Ch 1-3 (or) Ch 1378 - 1380

96 8 0
                                    


ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ - ဖြိုးသူဝင်း

Book(99)

Chapter-1

(ဖက်တီးလေး၏ အော်ဟစ်မှု)

လူတစ်ယောက်၏ စိတ်က အကန့်အသတ်ကို ရောက်ရှိသွားသည်နှင့် ထိုသူ၏  အာရုံစူးစိုက်မှုကို စုစည်းရန် အလွန်ခက်ခဲသွားပေသည်။

ယခင်က ကောင်းကင်ဘုံ၏စွမ်းအား  စစ်ဆေးတိုက်စားမှုအောက်တွင် ရှဲ့ကျင့်ရီ၏ စိတ်စွမ်းအားက အလွန်အမင်း ရှုပ်ထွေးနေခဲ့ပြီဖြစ်သည်။  ရှို့အာကို သူက မည်သည့်အတွက် သတိရနိုင်ဦးမည်နည်း။

ယီယွမ်၏စကားများက ဘုရားကျောင်းတစ်ခုမှ အချက်ပေးခေါင်းလောင်းသံ
တစ်ခုသဖွယ် ထွက်ပေါ်လာခဲ့ပြီး စိတ်ရှုပ်ထွေးနေသော ရှဲ့ကျင့်ရီကို လှုပ်နှိုးပေးလိုက်သည်။

စိတ်စွမ်းအား စစ်ဆေးတိုက်စားခြင်းက ပြေးလွှားသည်နှင့် တူညီပေ၏။ တောင့်မခံနိုင်သော အချိန်ကာလကို ကျော်ဖြတ်သွားနိုင်သည်နှင့် သင်က ပြေးလွှားရာတွင် အလွန်ထူးချွန်သည်ကို သင်ကိုယ်တိုင် တွေ့ရှိလာပေလိမ့်မည်။

သို့ရာတွင်
ထိုသို့ပြင်းထန်လွန်းသော ဖိအားအောက်၌ ရှဲ့ကျင့်ရီက မစဥ်းစားဘဲ အလောတကြီး မလုပ်ဆောင်ရဲခဲ့ပေ။

သူက သူ၏စိတ်ထဲမှ ယုံကြည်မှုကို အခိုင်အမာ ဆက်လက်အာရုံစိုက်ထားခဲ့ပြီး ဤသို့ပုံစံမျိုးဖြင့် ဆက်လက်တောင့်ခံနိုင်ခဲ့သည်။

သို့ရာတွင် ယီယွမ်က ယခုအချိန်အထိ အမှန်တကယ် တောင့်ခံနိုင်ခဲ့သည့်အတွက် သူ၏စိတ်ထဲ၌ အလွန်ထိတ်လန့်တုန်လှုပ်နေခဲ့သည်။

ယီယွမ်က အစောကြီးကတည်းက ထုတ်ပယ်ခံခဲ့ရပြီဟုပင် သူက ထင်ထားခဲ့ပေ၏။

မည်သို့ပင်ဆိုစေကာမူ စကားများက ကြီးကျယ်သော်လည်း ထိုစကားများကို ပြောဆိုသည်နှင့်  လူတစ်ယောက်က ထိုသို့သောခွန်အားမျိုး အမှန်တကယ်ရှိနေမည်ဟု ဆိုလိုခြင်းမဟုတ်ပေ။

သို့သော် ယခုအချိန်တွင်မူ ယီယွမ်က သူ့ကို စကားပြော၍  သတိပေးရန် ခွန်အားကျန်နေခဲ့ပေသေး၏။ 

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား Part - 5 (Ch 1095 - .....)(ခွင့်ပြုချက်ရပြီး)Where stories live. Discover now