Ch 1158 - 1160

100 10 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

Book 84

Chapter-10

(တားမြစ်နယ်မြေ)

ဘုန်း…..

ဘုန်း…..

……..

မိုးကောင်းကင်စစ်ဆေးခြင်း လျှပ်စီးချက်များစွာ ကျဆင်းလာခဲ့သည်။ ယီယွမ်၏ ခန္ဓာကိုယ်က လူတိုင်း၏ မြင်ကွင်းထဲ၌ ဖြည်းဖြည်းချင်း ထွက်ပေါ်ခဲ့သည်။

လူတိုင်းက သူ့အား အံ့အားသင့်စွာဖြင့် ကြည့်နေခဲ့ကြပြီး သူတို့ခံစားနေရသော ခံစားချက်များကို ပြောပြနိူင်စွမ်း မရှိတော့ပေ။

"ဘုရားရေ… ငါ ဘာတွေမြင်နေရတာလဲ… ဒါက… မိုးကောင်းကင်စစ်ဆေးခြင်းကို ဒီလိုမျိုး ဖြတ်ကျော်ခဲ့တာလား….."

"လူထူးလူဆန်းပဲ… ဆရာယီက တကယ်ကို လူထူးလူဆန်း တစ်ယောက်ပဲ….."

"မိုးကောင်းကင်စစ်ဆေးခြင်းက သူ့ခေါင်းပေါ် ပေနှစ်ဆယ် အကွာအဝေးကို ရောက်လာတာနဲ့ အလိုအလျောက် ပျောက်ကွယ်သွားခဲ့တာပဲ… သူက… သူက ဘယ်လိုလုပ်လိုက်တာလဲ….."

"ဆရာယီထွက်လာပြီ… ဒါဆိုရင်… ဖြစ်နိုင်တာက… သူက ကောင်းကင်တံတားကျွန်းသခင်ကို သတ်လိုက်တာလား….."

……..

တိုက်ပွဲအခြေအနေတစ်ခုလုံးကို တိတ်တဆိတ်​နှင့် မလွတ်တမ်း ကြည့်ရှုနေခဲ့ကြသည့် သတ္တိရှိသော ဆိုင်ပိုင်ရှင်အချို့လည်း  ကျွန်းပေါ်တွင် ရှိနေပေသေး၏။

မိုးကောင်းကင်စစ်ဆေးခြင်း လျှပ်စီးချက်များက ယီယွမ်၏ ဦးခေါင်းပေါ်သို့ ကျဆင်းလာခဲ့သော်လည်း ယီယွမ်က ဖြည်းဖြည်းချင်း လမ်းလျှောက်ထွက်လာခဲ့သော မြင်ကွင်းကို သူတို့၏ တစ်သက်လုံး မမေ့နိူင်တော့သည်အထိ စိတ်ထဲ၌ စွဲထင်သွားခဲ့ပေ၏။

ယီယွမ်ထွက်လာသည်ကိုမြင်သော် ကျောက်ချမ်းက အလွန့်အလွန် စိတ်လှုပ်ရှားသွားခဲ့ပြီး ခွမ်းထျန်းမင်ကို ပြောဆိုလိုက်၏။ "သခင်လေးယီ အဆင်ပြေတယ်… ရူးချင်စရာပဲ… အဲဒါက တကယ်ကို အံ့ဩစရာကောင်းတယ်……"

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား Part - 5 (Ch 1095 - .....)(ခွင့်ပြုချက်ရပြီး)Unde poveștirile trăiesc. Descoperă acum