1566 - 1568

79 8 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

Book 111

Chapter-10

(ခင်ဗျားက အတွက်မှားသွားပြီ)

ဝူဖုန့်က ခန်းမအတွင်း၌ ထိုင်နေခဲ့ပြီး သူ၏အပြုံးက တောက်ပနေခဲ့သည်။

ဟွမ်ဟောက်ရန်နှင့် ဟွမ်ချမ်က သူ၏ညာဖက်ခြမ်းတွင် ထိုင်နေခဲ့ပြီး အလွန်အမင်း ပျာယာခတ်နေဟန် ပေါ်လွင်နေခဲ့ကြသည်။

ဟွမ်ချမ်ကို ကယ်ဆယ်နိုင်ခဲ့သော်လည်း နတ်စွမ်းအင်ကျောက်တုံး သန်း၅၀က ဝူဖုန့်အတွက် ဆုံးရှုံးမှုတစ်ခု ဖြစ်သွားပေ၏။

ပို၍အရေးကြီးသည်မှာ အကြီးအကျယ် မျက်နှာပျက်ခဲ့ရပြီး သိက္ခာကျသွားခြင်းဖြစ်ပေ၏။

ဟွမ်ဟောက်ရန်က ဝူဖုန့်၏အကြောင်းကို ကောင်းစွာနားလည်ပေသည်။ သူက သူ၏ဂုဏ်သိက္ခာကို အလွန်အလေးထားပေသည်။

ပုံမှန်အတိုင်းဆိုလျှင် ထိုအရာက ပြဿနာမရှိသေးပေ။ သို့သော် အကယ်၍ တစ်စုံတစ်ယောက်က ဝူဖုန့်၏ တောင်ပိုင်းမြို့ နံပါတ်တစ် မှော်ဆေးပညာရှင် ဂုဏ်ပုဒ်ကို ခြိမ်းခြောက်လာခဲ့လျှင် သူက သေချာပေါက် သက်ညှာပေးလိမ့်မည် မဟုတ်ပေ။

သို့သော် ဤတစ်ကြိမ်တွင်မူ ယီယွမ်၏ ပြဿနာလာရှာသူများကို တစ်ယောက်တည်း ရင်ဆိုင်ဖြေရှင်းခဲ့သော စွမ်းရည်က သူ့အတွက် နာမည်ဂုဏ်ပုဒ်တစ်ခု ဖန်တီးပေးသွားခဲ့သည်။

သို့သော် ဝူဖုန့်၏ ယနေ့စိတ်အခြေအနေက အလွန်ကောင်းမွန်နေဦးမည်ဟု ဟွမ်ဟောက်ရန်က မျှော်လင့်မထားခဲ့ပေ။

"ဟောက်ရန်… ဒီကိစ္စအတွက် မင်းကို ငါက အပြစ်တင်မယ်လို့ မင်းကထင်နေတာလား….." ဝူဖုန့်က ပြုံး၍ ပြောဆိုခဲ့သည်။

ဟွမ်ဟောက်ရန်က အရှက်ရနေဟန်ဖြင့် ပြောလိုက်ပေ၏။ "သခင်ကြီး… ကျုပ်က….."

"ဟားဟား… မင်းက ငါ့နောက်ကိုလိုက်ပါနေတာ နှစ်ပေါင်းအများကြီး ကြာသွားခဲ့ပြီလေ… ဟွမ်ချမ်အပေါ် မင်းရဲ့ ခံစားချက်တွေကို ငါက ဘယ်လိုလုပ်ပြီးတော့ မသိရမှာလဲ… အဲဒီအကြောင်းကြောင့်သာ မဟုတ်ဘူးဆိုရင် ငါက ငါ့ဆရာကိုဖိတ်ကြားပြီး သူ့ကို စမ်းသပ်ကုသပေးဖို့ တောင်းဆိုခဲ့ပါ့မလား….." ဝူဖုန့်က ပြုံး၍ ပြောဆိုခဲ့သည်။

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား Part - 5 (Ch 1095 - .....)(ခွင့်ပြုချက်ရပြီး)Where stories live. Discover now