Ch 1420 - 1422

93 7 0
                                    


ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

Book 101

Chapter-13

(မြို့ပိုင်အရှင်၏ သဘောထား)

"ယုံတန့်မြို့ကြီးရဲ့ အခြေခံအုတ်မြစ်က တကယ်ကို နက်ရှိုင်းနေတုန်းပဲ… သူတို့ရဲ့စွမ်းအားက ပီထျန်းကျိုး တစ်ယောက်တည်းမကဘူး… သူတို့ရဲ့ အလုံးစုံခွန်အားက အစွမ်းထက်နေတာပဲ….."

"ဝူမုန့်မြို့ကြီးက သူတို့ထက် သာလွန်ချင်တယ်ဆိုရင်တော့ ခက်ခဲမှုက တော်တော်လေး မြင့်မားသွားလိမ့်မယ်….."

"ယီယွမ်က လူတွေဘယ်လောက်အထိ ထုတ်ပယ်ခဲ့တာလဲဆိုတာ မသိရဘူး… ပြီးတော့ သူ့လက်ထဲမှာ ဝိညာဥ်ဆေးပင်တွေ ဘယ်လောက်အထိ ရှိနေမလဲဆိုတာ သိချင်မိတယ်….."

……….

ယီယွမ်ထံတွင် ဝိညာဥ်ဆေးပင်များ မည်မျှအထိရှိနေမည်ကို လူတိုင်းက အလွန်သိချင်နေခဲ့ကြသည်။

ငါးချိုးတစ်ချိုးအရ ယီယွမ်က အနည်းဆုံး ဝိညာဥ်ဆေးပင် အပင်တစ်သောင်းနှင့်အထက် ပိုင်ဆိုင်ထားမှသာ အနိုင်ရရှိနိုင်ပေမည်။

ဤပမာဏက အတိတ်မှ မြို့တစ်ရာ စစ်ထုတ်စစ်ဆေးခြင်းများတွင် မျှော်မှန်း၍မရနိုင်သော ပမာဏတစ်ခုပင် ဖြစ်သည်။

ယီယွမ်က သိုလှောင်လက်စွပ်များကို ရရှိပြီးနောက် အခြားသူများ၏ ဝိညာဥ်ဆေးပင်များကို သူ၏ ကိုယ်ပိုင် သိုလှောင်လက်စွပ်အတွင်းသို့ ပြောင်းရွှေ့သိမ်းဆည်းပေလိမ့်မည်။

သို့ဖြစ်၍ ယီယွမ်က ဝိညာဥ်ဆေးပင်များ မည်မျှအထိ ရရှိခဲ့သည်ကို မည်သူကမှ မသိခဲ့ကြပေ။

ထိုအချိန်တွင် ရွှမ်လင်က ဖြည်းဖြည်းချင်း ပြောဆိုလိုက်၏။

"အပြင်စည်းရဲ့ ပထမနေရာ… ဝူမုန့်မြို့ကြီးက ယီယွမ်… ကြယ်တစ်ပွင့် ဝိညာဥ်ဆေးပင် အပင်၂၁၃၀၀ ရရှိခဲ့တယ်….."

ရွှမ်လင်၏ စကားသံ ပျောက်ကွယ်သွားချိန်တွင် ကွင်းပြင်တစ်ခုလုံးက အကြီးအကျယ် ပွက်လောရိုက်သွားခဲ့ကြသည်။

ငါးချိုးတစ်ချိုးအရ ယီယွမ်တစ်ယောက်တည်း ရရှိခဲ့သော ဝိညာဥ်ဆေးပင်များက ယုံတန့်မြို့ကြီး ရရှိခဲ့သော စုစုပေါင်းအရေအတွက်၏ နှစ်ဆ ရှိနေခဲ့သည်။

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား Part - 5 (Ch 1095 - .....)(ခွင့်ပြုချက်ရပြီး)Where stories live. Discover now