Ch 1344 - 1346

93 7 0
                                    


ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

Book 96

Chapter-13

(သာမန်ကာလျှံကာ နင်းချေခြင်း)

ထိုသစ္စာဆိုမှု ပြီးဆုံးသွားချိန်တွင် ရှင်းပြ၍မရနိုင်သော ဆက်သွယ်မှုတစ်ခုက ယီယွမ်နှင့်ထိုလူအကြားတွင် တည်ရှိလာခဲ့သည်။

"ကွေယွင်က သခင့်ကို ဂါရဝပြုပါတယ်….." ကြယ်နှစ်ပွင့် မိစ္ဆာဝိညာဥ်က အညံ့ခံလိုက်ပြီး လေးစားစွာ ပြောဆိုခဲ့၏။

ယီယွမ်က ခေါင်းညိတ်၍ ပြောလိုက်သည်။ "အင်း… သရဲတာအို မှော်စာလုံးတစ်ရာရဲ့ အသုံးဝင်ပုံကို မင်းသိအောင်   ပြောပြပေးစရာမလိုတော့ဘူးလို့ ငါယုံကြည်တယ်… မင်းက ငါ့အတွက် ကျေနပ်အောင် အလုပ်လုပ်ပေးတာနဲ့ ငါက မင်းကို သရဲတာအို မှော်စာလုံးတစ်ရာ တတ်မြောက်အောင် ဖြည်းဖြည်းချင်း   လွှဲပြောင်းသင်ကြားပေးမယ်… တကယ်လို့ မင်းက အပြည့်အဝ နားလည်နိုင်မယ်ဆိုရင် သရဲတာအို ကောင်းကင်အင်ပါယာတစ်ယောက် ဖြစ်လာဖို့ဆိုတာ မဖြစ်နိုင်စရာမရှိဘူး….." 

ကွေယွင်ထံတွင်  အလွန်ဝမ်းသာနေသော အမူအရာတစ်ခု ထွက်ပေါ်လာခဲ့ပြီး ကပျာကယာ ပြောဆိုလိုက်၏။ "ကွေယွင်က သခင်ကို ကျေးဇူးတင်ပါတယ်….."

"ကောင်းပြီ… ငါက မင်းကို အခုချက်ချင်း ငါ့ရဲ့ ကိုယ်ပိုင်နယ်မြေထဲ ထည့်သွင်းမယ်… မင်းက အဲဒါကို မခုခံနဲ့….." ယီယွမ်က အေးအေးဆေးဆေး ပြောဆိုခဲ့သည်။

နတ်တန်ခိုးရှင်အဆင့် သိုင်းပညာရှင်တစ်ယောက်တွင် နယ်မြေအမျိုးအစား မှော်ရတနာအချို့ ရှိနေခြင်းက သာမန်ကိစ္စတစ်ခုဖြစ်၏။ ထိုကိစ္စက ချန်လျန့်နှင့် အခြားလူများကို အလွန်အံ့အားသင့်စေခြင်း မရှိခဲ့ပေ။

ကွေယွင်ကလည်း မည်သည့်အရာကိုမှ ထူးဆန်းသည်ဟု မခံစားခဲ့ရပေ။ သို့သော် သူ၏ ခန္ဓာကိုယ်က စိတ်ဝိညာဥ်ထိန်းချုပ်ခြင်းပုလဲ၏  နယ်မြေအတွင်း၌ ပေါ်ထွက်လာချိန်တွင် ကွေယွင်က ချက်ချင်းပင် အံ့မခန်းထူးခြားမှုကို ခံစားခဲ့ရသည်။

သူက အမှုန်မဲ့ကို မြင်လိုက်ချိန်တွင် ဧရာမတောင်ကြီးတစ်လုံးကို မြင်နေရသော ခံစားချက်က ထိန်းမနိုင်သိမ်းမရ ထွက်ပေါ်လာခဲ့၏။

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား Part - 5 (Ch 1095 - .....)(ခွင့်ပြုချက်ရပြီး)Where stories live. Discover now