1486 - 1488

98 7 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

Book 106

Chapter-4 

(ကျေးဇူးတင်မှုကြောင့် သုံးကြိမ် ဒူးထောက်အရိုအသေပေးခြင်း)

မြို့တံတိုင်းထက်တွင် စစ်သားအရေအတွက်သောင်းချီက မြို့တံခါးမျှော်စင်ကို မော့ကြည့်နေခဲ့ကြပြီး ထိုမြင်ကွင်းက အဆုံးစွန်အထိ ကြီးကျယ်ခမ်းနားနေခဲ့သည်။

ကောချန်မင်က ပတ်ဝန်းကျင်ကို လေ့လာကြည့်ရှုလိုက်ပြီး ကြည်လင်ပြတ်သားသော လေသံဖြင့် ပြောဆိုခဲ့၏။ "ဒီတိုက်ပွဲမှာ အရာရှိတွေနဲ့စစ်သည်တွေက သူတို့ရဲ့အသက်တွေကို စတေးပြီးတော့ ရန်သူရဲ့ ဝန်းရံတိုက်ခိုက်မှုကို အကြိမ်ပေါင်းအများကြီး တွန်းလှန်ခဲ့တယ်… ဒီဗိုလ်ချုပ်က မင်းတို့အားလုံးအတွက် ဂုဏ်ယူမိတယ်….."

"ဗိုလ်ချုပ်ကြီးက အစွမ်းထက်ပါတယ်….."

"ဗိုလ်ချုပ်ကြီးက အစွမ်းထက်ပါတယ်….."

"ဗိုလ်ချုပ်ကြီးက အစွမ်းထက်ပါတယ်….."

အရာရှိများနှင့် စစ်သည်အားလုံးက ပြိုင်တူအော်ဟစ်လိုက်ပေရာ ထိုအသံက မိုးကောင်းကင်ကို လှုပ်ခါသွားစေခဲ့သည်။

ကောချန်မင်အပါအဝင် သူတို့အားလုံးက အလွန်စိတ်လှုပ်ရှားနေကြောင်း လူတိုင်းပြောနိုင်ပေ၏။

ဤတိုက်ပွဲတွင် သေခြင်းရှင်ခြင်းကို အပ်ချည်တစ်မျှင်ဖြင့်သာ ဆွဲထားခဲ့သည်။ ခြေလှမ်းတစ်လှမ်း မှားယွင်းသွားသည်နှင့် မြို့ဖျက်ဆီးခံရပြီး လူများသေဆုံးသွားရသည့် ရလဒ်မျိုး ထွက်ပေါ်လာပေလိမ့်မည်။

ကောချန်မင်က ပြုံး၍ ပြောဆိုခဲ့၏။ "အဲဒါက မင်းတို့တွေအားလုံး ရဲရင့်ခဲ့ကြလို့ပဲ ငါ့ကလေးတို့… မနက်ဖြန်ကစပြီးတော့ တပ်တွေအားလုံးမှာရှိတဲ့ စစ်သည်တွေက သူတို့ရဲ့ အကျိုးဆောင်မှုကိုလိုက်ပြီးတော့ ဆုတွေရလိမ့်မယ်… ဒါပေမဲ့ ဒီတိုက်ပွဲမှာ အကျိုးဆောင်မှုအကြီးကြီး စွမ်းဆောင်ပေးခဲ့တဲ့ အထူးချွန်ဆုံးသူရဲကောင်းက အခုငါ့ဘေးမှာရပ်နေတယ်… မင်းတို့တွေထဲမှာ အများစုက သူ့ကို သိထားကြမှာ မဟုတ်ဘူး… ဒါပေမဲ့ မိစ္ဆာမျိုးနွယ်က မိစ္ဆာခေါ်သံတောင်ကြောကနေ ကျူးကျော်လာတာကို သူက ပထမဆုံး တွေ့ရှိခဲ့တဲ့သူပဲဆိုတာ  မင်းတို့အားလုံး သိထားကြရမယ်… သူက ခန်းတင်းမြို့က စစ်ကူတွေကို ခေါ်ဆောင်လာခဲ့လို့ ငါတို့က ရန်သူ ရဲ့ ထိုးစစ်တွေကို ခုခံတွန်းလှန်နိုင်ခဲ့တာပဲ… သူ့နာမည်က လင်းဖုန့်….."

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား Part - 5 (Ch 1095 - .....)(ခွင့်ပြုချက်ရပြီး)Where stories live. Discover now