1480 - 1482

98 9 0
                                    


ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

Book 105

Chapter-13

(နောက်ကျောမှ ထိုးနှက်တိုက်ခိုက်ခြင်း)

မိစ္ဆာမျိုးနွယ် စစ်တပ်၏ အဓိကစခန်းတွင် ဗိုလ်ချုပ်ကြီးသဲကမ်းပါးက ထိုသတင်းစကားကို ရရှိချိန်၌ သူ၏မျက်နှာက အဆုံးစွန်အထိ တင်းမာသွားခဲ့သည်။

"ရှို့လေ့အရူးကောင်… ဒီလိုအသေးအဖွဲကိစ္စကိုတောင် ကောင်းကောင်းမကိုင်တွယ်နိုင်ဘူး… ဒီနေ့တိုက်ပွဲအတွက် ထူးကဲသစ်ခွ အင်ပါရီရယ်မြို့ကြီးက ဆယ်စုနှစ်တွေအများကြီး ပြင်ဆင်ထားခဲ့ရတယ်… သူက ဒီလိုကြီးလေးတဲ့ တာဝန်မျိုးကို မထမ်းဆောင်နိုင်ဘူးလို့ ငါပြောခဲ့သားပဲ… ဒါပေမဲ့ အရှင်က ငါ့စကားကို အလေးမထားခဲ့ဘူး… အား… ဒီအဖိုးကြီးက ဒေါသထွက်ရလွန်းလို့ သေတော့မယ်….." သဲကမ်းပါးက အော်ဟစ်လိုက်၏။

နောက်လိုက်များအားလုံးက တိတ်ဆိတ်သွားခဲ့ကြပြီး စကားတစ်ခွန်းမှ မပြောကြတော့ပေ။

ဗိုလ်ချုပ်ကြီး သဲကမ်းပါးက ရုတ်တရက် ရန်လိုလာလျှင် သူက ဒေါသထွက်လွန်းပြီး မိတ်ဆွေဟောင်းများကို မမှတ်မိသည့်ဟန် ဟန်ဆောင်ပေလိမ့်မည်။

"ဗိုလ်ချုပ်ကြီး… အခုအခြေအနေက ဒီလိုဖြစ်လာပြီဆိုတော့ ကျွန်တော်တို့က အင်အားသုံးပြီး တိုက်ခိုက်ရုံပဲ လုပ်နိုင်တော့မယ်… အဲဒီနေရာက ကိစ္စကို ရှင်းရှင်းလင်းလင်း ဖြေရှင်းသွားမိလိုက်တာ ကံကောင်းတယ်… စစ်တပ်က မိစ္ဆာခေါ်သံတောင်ကြောကို မနားတမ်း ကျော်ဖြတ်သွားပါလိမ့်မယ်… မြို့မြောက်ဘက်တံတိုင်းရဲ့ ခံစစ်က မြို့တောင်ဘက်တံတိုင်းရဲ့ ခံစစ်ထက် အများကြီးပိုအားနည်းပါတယ်… ကျွန်တော်တို့က လုံလောက်တဲ့ တပ်အင်အားနဲ့ တားဆီးတိုက်ခိုက်နိုင်မယ်ဆိုရင် မြို့ကို ထိုးဖောက်ဖျက်ဆီးနိုင်ပါတယ်….."

စကားပြောလိုက်သူက သဲကမ်းပါး အယုံကြည်ဆုံး စစ်အကြံပေးဖြစ်သည်။ ဤအချိန်တွင် သူတစ်ယောက်တည်းကသာ စကားပြောရဲခဲ့ပေ၏။

သဲကမ်းပါးက အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး ပြောဆိုခဲ့သည်။ "ဒီသောက်ရူးကတော့… မြို့ကို သိမ်းပိုက်ပြီးရင် သူ့ကို ငါက အကြောင်းသိသွားအောင် သေချာပေါက် လုပ်ပေးမယ်… စစ်တပ်ကို အမိန့်ပေးလိုက်တော့… မြို့ကို ချက်ချင်းတိုက်ခိုက်ကြမယ်….."

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား Part - 5 (Ch 1095 - .....)(ခွင့်ပြုချက်ရပြီး)Where stories live. Discover now