Ch 1387 - 1389

85 9 0
                                    


ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

Book 99

Chapter-10

(ရွှေဓားတံဆိပ်)

ရုတ်တရက်ပင် ရှင်းပြ၍မရနိုင်သော တုန်ယင်မှုတစ်ခုက သူတို့၏ နှလုံးသားထဲတွင် ထွက်ပေါ်လာခဲ့သည်။ အင်အားကြီးမားသော ဖိအားတစ်ခုက ကောင်းကင်ထက်မှ ဆင်းသက်လာခဲ့၏။

လေ့တုံ၊ မူစွန်းနှင့် အကယ်ဒမီ၏ ကျောင်းသားအားလုံးက ရိုသေလေးစားစွာ အရိုအသေပေးလိုက်ကြသည်။

"မြို့ပိုင်အရှင်သခင် ရောက်ရှိလာတာကို ကြိုဆိုပါတယ်….."

မိုးပြာရောင်ဝတ်စုံကို ဝတ်ဆင်ထားသော သက်လတ်ပိုင်းအရွယ် လူတစ်ယောက်က ဟင်းလင်းပြင်ထဲမှ ဖြည်းဖြည်းချင်း ထွက်လာခဲ့၏။ သူပေါ်လာခဲ့သည့်အချိန်တွင် လူအများကို ပြိုင်ဖက်ကင်းသော ခံစားချက်တစ်ခု ပေးအပ်နေခဲ့၏။

သန်မာလွန်းတယ်… ဒါက နတ်သခင်အဆင့် ပုဂ္ဂိုလ်ကြီးတစ်ယောက်လား…..

ယီယွမ်၏ နှလုံးသားထဲတွင် တိတ်တဆိတ် ထိတ်လန့်သွားခဲ့သည်။

ဒဏ္ဍာရီလာ နတ်သခင်အဆင့် ပုဂ္ဂိုလ်ကြီးက အမှန်တကယ်ပင် ဤနေရာသို့  ကိုယ်တိုင်ရောက်ရှိလာမည်ဟု ယီယွမ်က ထင်မထားခဲ့ပေ။

မိုးပြာရောင်ဝတ်စုံနှင့် သက်လတ်ပိုင်းအရွယ်လူက နူးညံ့သိမ်မွေ့ပြီး သဘောကောင်းမည့်ပုံ ပေါ်နေခဲ့၏။ သို့သော် မည်သို့ပင်ဆိုစေကာမူ သူ၏စွမ်းအားကို ဖုံးကွယ်ထား၍ မရနိုင်ပေ။

ရှောင်ဖုန့်က မူလဇာစ်မြစ် အထွတ်အထိပ်အဆင့် ပုဂ္ဂိုလ်တစ်ယောက် ဖြစ်ပေသည်။ သို့သော် ရှောင်ဖုန့်ထံမှ ယီယွမ်ခံစားခဲ့ရသော ဖိနှိပ်မှုခံစားချက်က ယခုသက်လတ်ပိုင်းအရွယ်လူ၏ ရှေ့မှောက်တွင် ခံစားနေခဲ့ရသော ဖိနှိပ်မှုခံစားချက်နှင့် လုံးဝကွာခြားနေသော အဆင့်တစ်ခု ဖြစ်ပေသည်။

"ဟမ့်… ဒါက အသိစိတ်အမျှင်တန်းနဲ့ ဖန်တီးထားတဲ့ ကိုယ်ပွားလေးတစ်ခုပဲ… အစစ်အမှန် နတ်သခင်အဆင့် ပုဂ္ဂိုလ်တစ်ယောက်က ဒီဟာထက် အဆပေါင်းဘယ်လောက်အထိ သန်မာလဲဆိုတာ နတ်ဘုရားမှပဲ သိနိုင်လိမ့်မယ်….."

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား Part - 5 (Ch 1095 - .....)(ခွင့်ပြုချက်ရပြီး)Where stories live. Discover now