Ch 1456 - 1458

90 10 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

Book 104

Chapter-4

(လက်လှမ်းမီသောနေရာတွင် ရှိနေခြင်း)

ရလဒ်က အနည်းငယ်မျှပင် အံ့ဩစရာမရှိခဲ့ပေ။ ထိုအကြီးအကဲကလည်း လောင်ကျွမ်းသွားခဲ့ပေသည်။

ဝှစ်…..

နောက်ထပ်မီးလုံးတစ်လုံး ဖွဲ့စည်းဖြစ်ပေါ်လာခဲ့၏။ သို့ရာတွင် ဤတစ်ကြိမ်ပစ်မှတ်က ယီယွမ်၏ဘေးတွင်ရှိနေသော နက်နဲခြင်းဂူအဆင့် သိုင်းပညာရှင်တစ်ယောက် ဖြစ်ပေသည်။

ဤမြင်ကွင်းကိုမြင်သော် ချင်ထျန်း၏မျက်နှာတွင် စိတ်လှုပ်ရှားနေသော အမူအရာတစ်ခု ထွက်ပေါ်လာခဲ့သည်။

ဤမီးလုံးက ယီယွမ်ကို ပစ်မှတ်ထားခြင်း မဟုတ်သော်လည်း သူတို့ဖက်တွင် ဆုံးရှုံးမှုများ ရှိလာစေတော့မည်ဖြစ်၍ ချင်ထျန်းက ဝမ်းသာနေခဲ့၏။

မင်းက မလိုအပ်တဲ့ကိစ္စတွေကို တမင်လုပ်ခဲ့တာမဟုတ်လား…..

အခု မင်းလူတွေကိုပါ သက်ရောက်စေခဲ့ပြီလေ…..

မီးလုံးက နီးကပ်လာသည်ကိုမြင်သော် နက်နဲခြင်းဂူအဆင့် ထိုသိုင်းပညာရှင်က ချက်ချင်းပင် ချွေးများရွှဲနစ်လာခဲ့သည်။

သူက ထွက်ပြေးရန် ကြံစည်လိုက်ချိန်တွင် အသံတစ်ခုက သူ၏နားထဲသို့ ဝင်ရောက်လာခဲ့သည်။

"မခုခံနဲ့… ငါက မင်းကို အန္တရာယ်ကင်းတဲ့နေရာဆီ ခေါ်သွားပေးမယ်….."

ဤအသံက သူ့အတွက် ကောင်းကင်ဘုံ၏ သံစဥ်တစ်ခုနှင့် တူနေခဲ့ပြီး အလွန့်အလွန် နှစ်သက်ဖွယ်ကောင်းပေသည်။

သူ၏မျက်စိရှေ့တွင် မှုန်ဝါးသွားသည်ဟုသာ ခံစားလိုက်ရပြီး လူတစ်ယောက်က သူ့ကိုဆွဲခေါ်၍ အဝါရောင်အလင်းအတွင်းသို့ ရှောင်တိမ်းထွက်ပြေးနေခဲ့ပြီဖြစ်၏။

ယီယွမ်၏ အပြုအမူက မြေမြှုပ်မိုင်းတစ်ခုအပေါ် နင်းလိုက်မိသကဲ့သို့ ဖြစ်သွားခဲ့ပြီး မီးလုံးများစွာကို အသက်သွင်းမိလိုက်သကဲ့သို့ ဖြစ်လာခဲ့ကာ သူတို့နောက်သို့ မီးလုံးများစွာ လိုက်လာခဲ့ပေသည်။

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား Part - 5 (Ch 1095 - .....)(ခွင့်ပြုချက်ရပြီး)Where stories live. Discover now