Ch 1381 - 1383

79 9 0
                                    


ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

Book 99

Chapter-4

(မထူးခြားတော့ဘူး)

"အု… သားရဲစုတ်… မင်းကငါ့ကို ဦးချိုနဲ့ ဝှေ့ရဲတယ်ပေါ့… ငါက မင်းကို ခေါင်းနဲ့တိုက်ပစ်မယ်….."

စကားပြောနေရင်း ဖက်တီးလေး၏ ခန္ဓာကိုယ်က အရှိန်မြင့်လာခဲ့ပြီး ထိုနတ်သားရဲကို အမှန်တကယ် ခေါင်းနှင့်တိုက်လိုက်သည်။

ထိုနတ်သားရဲက ဖက်တီးလေးကြောင့် ချက်ချင်းလွင့်စင်သွားခဲ့ပြီး သားရဲအုပ်ကြီးတစ်ခုကိုပါ တိုက်မိလဲပြိုသွားစေခဲ့၏။

ရှဲ့ကျင့်ရီက ဤအရာကိုမြင်သော် အားရဝမ်းသာဖြစ်သွားဟန်ဖြင့် ရယ်မော၍ ပြောဆိုလိုက်သည်။ "ဟားဟား… မင်းရဲ့အဖိုးရှဲ့ကို ရန်စစော်ကားဖို့ မင်းကို ဘယ်သူပြောလို့လဲ… အခုတော့ မင်းက ငါ့ရဲ့စွမ်းအားကို သိသွားပြီပေါ့… ဘုရားရေ… ပြန်ရောက်လာကြပြန်ပြီ….."

ရိုးရိုးသားသား ပြောရမည်ဆိုလျှင် အကယ်၍ ယီယွမ်ကသာ    ဤနေရာတွင် ရှိနေမည်ဆိုလျှင် သူက အကြီးအကျယ်  အံ့အားသင့်ရပြီး
တုန်လှုပ်သွားပေလိမ့်မည်။

ဖက်တီးလေးထံတွင် အစွမ်းထက်သော သိုင်းပညာရပ် အများအပြား မရှိသော်လည်း သူ၏ ရွေ့လျားခြင်း ပညာရပ်ကမူ ပထမတန်းစား ဖြစ်ပေသည်။

သားရဲအစုအဝေးအတွင်း၌ ရှေ့နောက် လူးလာလှုပ်ရှားရာတွင် အမှန်တကယ်ပင် ထိုနတ်သားရဲများက သူ့ကို ဖမ်းဆီးနိုင်စွမ်း မရှိခဲ့ကြပေ။

စောစောလေးတွင် သူက နတ်သားရဲတစ်ကောင်၏ မတော်တဆ ဝင်တိုက်ခြင်းကို ခံလိုက်ရသည့်အတွက် ချက်ချင်း ပြန်လည်တုံ့ပြန်ခဲ့ခြင်း ဖြစ်ပေသည်။

ဤသားရဲလှိုင်းက ၉လှိုင်းမြောက်သို့ ရောက်ရှိနေပြီဖြစ်၏။ နတ်သားရဲများ၏အဆင့်က ကြယ်တစ်ပွင့် အလယ်အလတ်အဆင့်သို့ မြင့်တက်သွားသည်မှာ အချိန်ကြာမြင့်နေခဲ့ပြီဖြစ်၏။

နတ်သားရဲများ၏ ခွန်အားက မြင့်မားခြင်းမရှိသည်ကို မကြည့်သင့်ပေ။ အရေအတွက်က အလွန်ထိတ်လန့်ဖွယ်ကောင်းပြီး အကုန်အစင် သတ်ဖြတ်ရန် အလွန့်အလွန် ခက်ခဲပေ၏။

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား Part - 5 (Ch 1095 - .....)(ခွင့်ပြုချက်ရပြီး)Where stories live. Discover now