Ch 1204 - 1206

97 13 0
                                    


ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

Book 87

Chapter-10

(ပြောင်းလဲခြင်းကိုးခုရွှေခန္ဓာ)

"အရှင်မတော်ဝင်မိခင်… ဒီနေရာမှာရှိတဲ့ ကိစ္စတွေကို သေသေချာချာ ပြင်ဆင်ပြီးသွားပါပြီ… ကျွန်တော်တို့က အချိန်မရွေး ဆုတ်ခွာလို့ရပါပြီ….." တာ့ယိုက ယွဲ့ကျိကို အရိုအသေပေး၍ ပြောဆိုလိုက်သည်။

"အင်း… ဒါဆိုသူတို့ကို တစ်ခါတည်း ဆုတ်ခွာခိုင်းလိုက်တော့….." ယွဲ့ကျိက အေးအေးဆေးဆေး ပြောဆိုလိုက်သည်။

တာ့ယိုက ကိစ္စတစ်ခုကို စဥ်းစားမိသွားခဲ့၍ ပြောဆိုလိုက်သည်။ "အရှင်မတော်ဝင်မိခင်… အချိန်သုံးရက်ပြည့်ပါတော့မယ်… ယီယွမ်က ရောက်မလာသေးဘူးဆိုတော့ ဖြစ်နိုင်တာက သူကများ….."

ယွဲ့ကျိ၏ မျက်နှာအမူအရာက အေးစက်သွားခဲ့ပြီး ပြောဆိုလိုက်၏။ "မင်းက ငါ,တော်ဝင်မိခင်ရဲ့ စွမ်းရည်ကို သံသယဝင်ပြီး မေးခွန်းထုတ်နေတာလား….."

ယွဲ့ကျိက ညှို့ဓာတ်ပြင်းထန်လွန်းပြီး ဆွဲဆောင်မှုရှိသည့် အပြုံးတစ်ခုက သူမ၏ မျက်နှာတွင် အမြဲတမ်းရှိနေသည်ကို ကြည့်၍မရနိုင်ပေ။ သူမက လူသတ်ရာတွင် မျက်တောင်တစ်ချက်မခတ်သော အစစ်အမှန်မိစ္ဆာတစ်ယောက် ဖြစ်ပေသည်။

တာ့ယိုက သူမ၏ နောက်လိုက်ဖြစ်နေလျှင်ပင် ခြွင်းချက်ရှိမည်မဟုတ်ပေ။

"နောက်လိုက်က မလုပ်ရဲပါဘူး….." တာ့ယိုက ကပျာကယာ ပြောဆိုလိုက်သည်။

ယွဲ့ကျိ၏ မျက်နှာအမူအရာက ပြန်လည်ပြောင်းလဲသွားခဲ့ပြီး ယုံကြည်ချက်ရှိစွာပြုံး၍ ပြောဆိုခဲ့သည်။ "လွန်ခဲ့တဲ့နှစ်ပေါင်းတစ်သန်းက အကြွင်းမဲ့ကောင်းကင်သခင် အစွမ်းထက်ဆုံးအချိန်မှာတောင် သူက ပန်းအဆိပ်မိသွားပြီဆိုရင် လိမ်လိမ်မာမာနဲ့ ငါ့ရဲ့ မိစ္ဆာကျေးကျွန် ဖြစ်လာရလိမ့်မယ်… တာအိုသိမ်မွေ့နက်နဲခြင်းနယ်ပယ် ကောင်စုတ်လေးတစ်ယောက်က ကောင်းကင်ဘုံကို ပြောင်းလဲပစ်နိုင်ပါ့မလား… ကြည့်လိုက်… သူရောက်လာခဲ့ပြီမဟုတ်လား….."

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား Part - 5 (Ch 1095 - .....)(ခွင့်ပြုချက်ရပြီး)Hikayelerin yaşadığı yer. Şimdi keşfedin