Ch 1788 - 1790

21 2 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

bOOK 114

Chapter-7

(တောက်ပတဲ့ အပြုအမူတစ်ခုတည်းနဲ့ လောကကြီးကို အံ့အားသင့်စေခဲ့တယ်)

လူတိုင်းက အလွန့်အလွန် ထိတ်လန့်တုန်လှုပ်နေသော မျက်နှာအမူအရာများဖြင့် သက်လတ်ပိုင်းအရွယ်လူကို ကြည့်လိုက်ကြသည်။

"အဲဒါက နင်မိသားစုရဲ့ အကြီးအကဲ နင်လီရှောင်ပဲ… ဘုရားရေ… သူက လေလံဈေးကို သန်း၅၀၀အထိ တိုက်ရိုက်မြှင့်တင်လိုက်ပြီ….."

"နင်မိသားစုက မက်မွန်သီးတစ်လုံးအတွက် ဆီးသီးတစ်လုံး ပြန်ပေးပြီးတော့ အကြီးအကဲယီနဲ့ ဆက်ဆံရေးတစ်ခု တည်ဆောက်ချင်နေတာလား….."

"ကြယ်သုံးပွင့် နတ်ဆေးလုံးတစ်လုံးကို နှစ်ဘီလီယမ်ပေးပြီး ဝယ်ယူနေတာဆိုတော့ ရူးသွားတာပဲ… တကယ်ရူးသွားပြီ….."

………..

တစ်စုံတစ်ယောက်က ဈေးမြှင့်ပေးလာခဲ့မည်ဟု ရှစ်စုန့်ကလည်း မျှော်လင့်မထားခဲ့ကြောင်း သိသာထင်ရှားပေ၏။ သူက နင်လီရှောင်ကို အလွန်အံ့ဩစွာ ကြည့်လိုက်သည်။

ရှစ်စုန့်က အံကြိတ်၍ ပြောဆိုခဲ့၏။
"၂.၁ ဘီလီယမ်….."

"၂.၅ ဘီလီယမ်….." နင်လီရှောင်က မျက်တောင်တစ်ချက်မခတ်ခဲ့ဘဲ အလွန်တည်ငြိမ်စွာပင် သန်း၄၀၀ တိုးမြှင့်ပေးလိုက်သည်။

ရှစ်စုန့်၏ မျက်နှာအမူအရာက ပြောင်းလဲသွားခဲ့ပြီး နင်လီရှောင်ကို တည်ကြည်လေးနက်သော လေသံဖြင့် ပြောဆိုလိုက်သည်။ "နင်လီရှောင်… မင်းက ရူးသွားတာလား… ဒီလိုမျိုး လေလံဈေးမြှင့်ပေးတာက ဘယ်သူ့အတွက်မှ အကျိုးမရှိဘူး….."

နင်လီရှောင်က အေးအေးဆေးဆေး ပြောခဲ့၏။ "ငါက လေလံဈေးပေးခဲ့တယ်ဆိုမှတော့ အဲဒီဆေးလုံးက ဒီတန်ဖိုးနဲ့ ထိုက်တန်လို့ပဲ… ရှစ်ကျိယုံက အဲဒါကို လိုအပ်သလို ထျန်းဖျင်ကလည်း အဲဒါကိုလိုအပ်တယ်လေ… အရေးမပါတာတွေပြောနေတာ တော်လောက်ပြီ… ပိုမြင့်တဲ့ဈေးကို ပေးနိုင်တဲ့သူက အဲဒီဆေးလုံးကို ရရှိလိမ့်မယ်….."

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား Part - 5 (Ch 1095 - .....)(ခွင့်ပြုချက်ရပြီး)Onde as histórias ganham vida. Descobre agora