Book(104)Ch 1-3(or)Ch 1453 - 1455

93 9 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ - ဖြိုးသူဝင်း

Book(104)

Chapter-1

(အရေးပေါ် ပူးပေါင်းခြင်း)

ဘန်း…..

ချင်ထျန်း၏ခန္ဓာကိုယ်က ကျောက်နံရံအတွင်းမှ ထွက်လာခဲ့ပြီး သူ၏မျက်နှာက အလွန်နက်မှောင်နေခဲ့သည်။

"အချိန်ဘယ်လောက်ကြာသေးလို့တုန်း… အဲဒီကောင်ရဲ့ ဓားသိုင်းက ထပ်ပြီးတိုးတက်သွားပြန်ပြီ… ငါက ကောင်းကင်ငှက်မွေးချပ်ဝတ်ကို ဝတ်ထားလို့သာပေါ့… မဟုတ်ရင် ငါ့အသက်က ဒီနေရာမှာ အဆုံးသတ်သွားရလိမ့်မယ်….." ချင်ထျန်းက အံကြိတ်၍ ပြောဆိုလိုက်၏။

ယီယွမ်၏ ဖန်တီးခြင်းလမင်း သိုင်းကွက်က အဆုံးစွန်အထိ အန္တရာယ်ကြီးမားလွန်းပေသည်။

အကယ်၍ သူ၏ ကျင့်ကြံခြင်းအဆင့်က ယီယွမ်ထက် အများကြီး ပိုမိုမြင့်မားအစွမ်းထက်နေခြင်း မရှိခဲ့လျှင်၊ သူက နက်နဲခြင်းနတ်ရတနာ ကောင်းကင်ငှက်မွေးချပ်ဝတ်ကို ဝတ်ဆင်ထားခြင်းမရှိခဲ့လျှင် လက်ရှိအချိန်၌ သူက အလောင်းတစ်လောင်း ဖြစ်နေပေလိမ့်မည်။

ယီယွမ်အပေါ် ချင်ထျန်း၏ နားလည်သဘောပေါက်မှုက ဖြိုခွင်းခြင်းကြယ်များ သိုင်းကွက်တွင်သာ ရှိနေပေသေးသည်။

ယီယွမ်၏ ဓားတာအို ဥပဒေသများက ဓားတာအို ကောင်းကင်ဒုတိယအလွှာသို့ တက်ရောက်သွားခဲ့ပြီး သိုင်းကွက်အသစ် ဖန်တီးထားခဲ့မည်ဟု သူက လုံးဝမျှော်လင့်မထားခဲ့ပေ။

ဖန်တီးခြင်းလမင်း သိုင်းကွက်က အစွမ်းထက်လွန်းလှပေသည်။

ချင်ထျန်းက ကောင်းကင်ငှက်မွေးချပ်ဝတ်ကို ဝတ်ဆင်ထားခဲ့သည့်တိုင် သူ၏အတွင်းအင်္ဂါများက အလွန်ပြင်းထန်စွာ တုန်ယင်သွားခဲ့ရပြီး အချိန်အကြာကြီးနေမှသာ ပြန်လည်သက်သာလာခဲ့သည်။

စောစောက အဖြစ်အပျက်ကို ပြန်တွေးလိုက်မိချိန်တွင် ယခုအချိန်အထိ ချင်ထျန်း၏ ဦးရေပြားက စပ်ဖျဥ်းဖျဥ်းဖြစ်နေဆဲဖြစ်သည်။

သို့သော် ယီယွမ်၏ ဤဓားချက်က အလွန်ပြင်းထန်ပေသည်။ သူ၏လက်ရှိဒဏ်ရာများက ပြင်းထန်နေသည့်အတွက် သူ၏ခွန်အားက အကြီးအကျယ် ယုတ်လျော့သွားခဲ့သည်။

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား Part - 5 (Ch 1095 - .....)(ခွင့်ပြုချက်ရပြီး)Where stories live. Discover now