Book(85)Ch 1-3(or)Ch 1164 - 1166

104 12 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ - ဖြိုးသူဝင်း

Book(85)

Chapter-1

(ဆေးညွှန်းကို လေ့လာဆန်းစစ်ခြင်း)

"ငါးမန်းတစ်… ဒီကိစ္စမှာ မင်းက ကောင်းကောင်းစွမ်းဆောင်နိုင်ခဲ့တာပဲ… မင်းကို ဖီးနစ်ကိုးကောင်ကျွန်းဆီ စေလွှတ်ခဲ့တာက ကောင်းမွန်တဲ့ ဆုံးဖြတ်ချက်ပဲ… ဆရာယီကို ရှာတွေ့ခဲ့တဲ့အတွက်  ဒီဘုရင်ကြီးက တော်တော်လေးကို ကျေနပ်တယ်….."

ယီယွမ်၏စွမ်းရည်ကို မြင်တွေ့ရသည့်အတွက် မူလက တွန့်ကွေးနေသော ထုံ၏ မျက်ခုံးများက နောက်ဆုံးတွင် ပြေလျော့သွားခဲ့ပြီဖြစ်သည်။

ဆေးဆရာကြီးက ဤနှစ်ရက်အတွင်း ဆရာယီ၏ဘေးတွင် တပည့်တစ်ဦးသဖွယ် ပြုမူနေထိုင်နေခဲ့ကြောင်း သိခဲ့ရပြီး ဆရာယီကို "ဆရာသခင်"ဟု မခေါ်ရုံမျှသာဖြစ်ကြောင်း ထုံက သိထားခဲ့ပေသည်။

ထိုစကားကိုကြားသော် ငါးမန်းတစ်က ရိုးသားစွာပြုံးလိုက်ပြီး ပြောဆိုလိုက်သည်။ "အရှင်မင်းမြတ်က  ကြင်နာလွန်းနေပါပြီ… ဒါက… ခရမ်းနုရောင်ဟင်းလင်းပြင် အသက်ဝိညာဥ်ဆေးလုံးကို မဖော်စပ်ရသေးပါဘူး… ငါးမန်းတစ်က အရှင်မင်းမြတ်ဆီက ချီးကျူးစကားကို လက်မခံရဲပါဘူး….."

ငါးမန်းတစ်၏ အမူအကျင့်ကို ထုံက အလွန့်အလွန် သဘောကျပေသည်။

ငါးမန်းတစ်က ထိုမျှအထိ နှိမ့်ချနေသည်ကို မြင်သော် မည်သို့ပင်ကြည့်စေကာမူ ထုံက ပို၍ပင် စိတ်ကျေနပ်သွားခဲ့၏။

"အင်း… တကယ်လို့ ရွှင်းအာက ဒီတစ်ကြိမ် ပြန်ကောင်းလာခဲ့ပြီဆိုရင် ငါက မင်းကို ဘိုးဘေးနယ်မြေထဲဝင်ရောက်ပြီး နတ်ဘုရားစာလုံးတွေကို လေ့လာသုံးသပ်ဖို့ ခွင့်ပြုပေးမယ်….." ထုံက အလွန်ဝမ်းသာနေဟန်ဖြင့် ပြောဆိုလိုက်သည်။

ငါးမန်းတစ်က ထိုစကားကိုကြားချိန်တွင် သူ၏နှလုံးသားက အလိုအလျောက်ပင်
အရူးအမူးခုန်ပေါက်နေခဲ့သည်။

ရေနေကလန်ကဲ့သို့ အစွမ်းထက်သော မျိုးနွယ်တစ်ခုတွင် သူတို့၏ ဘိုးဘေးများကလည်း နတ်တန်ခိုးရှင်အဆင့် ပုဂ္ဂိုလ်ကြီးများ ဖြစ်ကြပေသည်။ သူတို့၏ အမွေအနှစ်များကို ကောင်းစွာထိန်းသိမ်းထားပေ၏။

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား Part - 5 (Ch 1095 - .....)(ခွင့်ပြုချက်ရပြီး)Where stories live. Discover now