Ch 1249 - 1251

84 8 0
                                    


ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

Book 90

Chapter-10

(နတ်သားရဲနယ်မြေ)

"ဒီငနဲက ဘယ်လိုလူထူးလူဆန်းမျိုးလဲ….."

"ငါ… ငါက မောလို့ သေတော့မယ်….."

"မရတော့ဘူး… ငါထပ်ပြီးမတိုက်နိုင်တော့ဘူး… ငါက… ငါက သဘာဝစွမ်းအင် နည်းနည်းလေးတောင် မစုစည်းနိုင်တော့ဘူး….."

ထိုလူများက စိတ်ဓာတ်ကျစွာ အော်ဟစ်နေခဲ့ကြသည်။ သူတို့က အစွမ်းကုန် ထုတ်သုံးခဲ့ကြသည့်တိုင် ယီယွမ်ကို အနည်းငယ်မျှပင် လှုပ်ခါစေနိုင်ခြင်းမရှိခဲ့ပေ။

လက်ရှိအချိန်၌ ယီယွမ်ကိုကြည့်နေသော သူတို့၏ အကြည့်များက ကြောက်ရွံ့ထိတ်လန့်မှုများ ပြည့်နှက်နေပြီဖြစ်သည်။

ဒီလူက တော်တော်လေး သန်မာတယ်…..

သူက မလှုပ်ရှားဘဲ ရပ်နေသည့်အပြင် ပြန်လည်တိုက်ခိုက်ခြင်း မပြုခဲ့သော်လည်း သူတို့က အင်အားကုန်သွားခဲ့ကြပေ၏။

ဤသို့သော တိုက်ခိုက်မှုနည်းလမ်းက အလွန်စိတ်ဓာတ်ကျစရာကောင်းပေသည်။

ယီယွမ်က သူတို့ကို ပြုံး၍ ကြည့်နေခဲ့ပြီး ရှေ့တိုးလာခဲ့၏။

ထိုဒီမွန်းမျိုးနွယ်ဝင်များက သူတို့၏ အမြီးကို တက်နင်းခံလိုက်ရသကဲ့သို့ ဆွေ့ဆွေ့ခုန်လုနီးပါး ဖြစ်သွားခဲ့သည်။

"မင်း… မင်း… မင်းဘာလုပ်မလို့လဲ… ငါမင်းကို သတိပေးလိုက်မယ်… ငါတို့ရဲ့ခေါင်းဆောင်ငယ်က အစွမ်းထက်လွန်းတယ်နော်… သူရောက်လာပြီဆိုရင် မင်းက သေချာပေါက် သေရလိမ့်မယ်….." 

ယီယွမ်က ပြုံးနေခဲ့သော်လည်း သူတို့၏ အမြင်တွင် ထိုအပြုံးက ဆိုးရွာသောအတွေးများ ပြည့်နှက်နေသည့်  ကြောက်စရာကောင်းသော လူတစ်ယောက်၏ အပြုံးနှင့်ပင်   တူညီနေခဲ့သည်။

"မင်းတို့ရဲ့ ခေါင်းဆောင်ငယ် ဟုတ်လား… မင်းတို့တွေထဲမှာ  နဂါးမျိုးနွယ်၊ ကျားမျိုးနွယ်၊ ဖီးနစ်မျိုးနွယ်ရဲ့ မျိုးနွယ်ဝင်တွေရှိနေတာပဲ… မင်းတို့ရဲ့ခေါင်းဆောင်ငယ်က ဘယ်လိုအဆင့်အတန်းမျိုးလဲဆိုတာ ငါက တော်တော်လေးကို
သိချင်မိတယ်….."

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား Part - 5 (Ch 1095 - .....)(ခွင့်ပြုချက်ရပြီး)Where stories live. Discover now