Ch 1231 - 1233

88 12 0
                                    


ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

Book  89

Chapter-7

(မင်းက ယောက်ျားစစ်ရင် ရှေ့တိုးလာခဲ့)

ယီယွမ်အတု၏ စကားများကြောင့် လူတိုင်း၏ အကြည့်များက ယီယွမ်အစစ်ထံသို့ စုဝေးရောက်ရှိလာခဲ့ကြသည်။

"ဒီလူတွေက တကယ်အရှက်မရှိတာပဲ… လဲလှယ်ဖို့အတွက် ဘာမှထုတ်မပေးတဲ့အထိ တကယ်အရေထူတာပဲ….."

"ဟုတ်တယ်… ဒီလိုလူမျိုးတွေလည်း တကယ်ရှိနေသေးတာပဲ… လူသားမျိုးနွယ်က သေရေးရှင်ရေး အဆုံးအဖြတ် အခိုက်အတန့်ကို ရောက်ရှိနေတာတောင် သူတို့က အရေထူလွန်းနေသေးတယ်….."

"လူတစ်ယောက်က ဘယ်လိုလုပ်ပြီးတော့  ဒီလိုအခြေအနေမျိုးအထိ အရှက်မဲ့နိုင်ရတာလဲ….."

အထူးသဖြင့် ဝိညာဥ်ဆေးပင်များနှင့် စွမ်းအင်သလင်းကျောက်များ ပေးအပ်ထားခဲ့သည့်လူများက သူတို့က မျိုးနွယ်၏အကျိုးကို လုပ်ဆောင်ပေးသည့် မြင့်မြတ်သူများဖြစ်နေပြီဟု ခံစားမိခဲ့ကြပြီး အခြားသူများကို အပြစ်တင်ပြောဆိုရန် အဆင့်ရှိသွားပြီဟုပါ ထင်နေခဲ့ကြသည်။

သူက "သူတော်ကောင်းအတု"ကို ပြဿနာမရှာခဲ့သည့်တိုင် ဤငနဲက သူ့အား လာရောက်စော်ကားမည်ဟု ယီယွမ်က လုံးဝထင်မထားခဲ့ပေ။

သူက ပြဿနာရှာရန် စိတ်ကူးမရှိသော်လည်း ပြဿနာဖြစ်လာမည်ကိုလည်း စိုးရိမ်နေခြင်းမရှိပေ။

ထိုအချိန်တွင် ယီယွမ်က မည်သည့်အရာကိုမှ မလုပ်ဆောင်ရသေးသော်လည်း အလင်းဖြူက အရင်ဆုံး ဒေါသထွက်လာခဲ့သည်။

"ဦးနှောက်မရှိတဲ့အပြင်  မျက်စိပါကန်းနေတဲ့ကောင်…  မင်းရဲ့ ကောင်းမွန်တဲ့ စကားပြောစွမ်းရည်​ကို ထုတ်ပြနေရုံနဲ့ မင်းကိုယ်မင်း ဆရာကြီးဖြစ်နေပြီလို့ မင်းက တကယ်ထင်နေတာလား… ဒီသခင်ငယ်က မင်းကို လက်ဝါးတစ်ချက်တည်းနဲ့ ရိုက်သတ်ပစ်မယ်ဆိုတာ မင်းယုံလား….." အလင်းဖြူက အေးစက်နေသောလေသံဖြင့် ပြောဆိုလိုက်သည်။

ထိုစကားကြောင့် အပြစ်တင်ပြောဆိုနေကြသော လူတိုင်းက လျှာကိုက်မိသွားသည်အထိ အံ့အားသင့်သွားခဲ့ကြ၏။

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား Part - 5 (Ch 1095 - .....)(ခွင့်ပြုချက်ရပြီး)Where stories live. Discover now