သူ့ပါးစပ်နား ရောက်လာတော့မဲ့ ယိုလုံးကို ကြည့်ရင်း အိုးရန် ရှေ့ကို မြန်မြန်ဆန်ဆန်တက်လာပြီး မုရုံရွှယ်ခါးကို ဆွဲဖက်လိုက်သည်။
"တစ်ခုက လုံလောက်ပြီလေ ကျန်တဲ့အရာတွေက မင်းအတွက်ပဲ"
အသံက နိမ့်လာပြီး အိုးရန် သူ့ခါးတဝိုက်က အားကို သုံးလိုက်တဲ့အခါ ယိုလုံးက မုရုံရွှယ်ပါးစပ်ထဲ ရောက်သွားလေသည်။

ချဉ်ချိုချိုအရသာတစ်ခုက မုရုံရွှယ် ပါးစပ်ထဲ ချက်ချင်း ပျံ့နှံ့သွားကာ သူမ မှုန်သုန်စွာဖြင့် အိုးရန်ကို ကြည့်လိုက်သည်။ ဒီလောက်ချိုပြီး အရသာရှိတဲ့ ယိုလုံးကို စားဖို့ အိုးရန်မှာ ကောင်းမွန်တဲ့ကံမရှိပေ။

"မိန်းကလေး သနားပါဦး"
အသက်ကြီးပြီး အက်ကွဲနေတဲ့ အသံဖြင့် တောင်းပန်နေသံတစ်ခုကို ကြားလိုက်ရသည်။ မုရုံရွှယ် လှည့်ကြည့်လိုက်တော့ မီးခိုးရောင်ဆံပင် စုတ်ပြတ်နေတဲ့အဝတ်အစား ဝတ်ဆင်ထားတဲ့ လူတစ်ဦးက သူမတို့နဲ့ မီတာဝက်အကွာမှာ ရပ်နေတာ တွေ့လိုက်ရသည်။ 

သူ့ခန္တာကိုယ်က တဝက်ခန့်ကိုင်းနေကာ လက်တစ်ဖက်က သစ်သားတုတ်တစ်ချောင်းကို ကိုင်ထားပြီး တစ်ဖက်က ပန်းကန်အကွဲတစ်လုံး ကိုင်ထားသည်။
ထိုလူက ပန်းကန်ကွဲကို သူမဆီ ထိုးထားကာ ကြည့်နေပုံက သနားစရာအတိပင်။

"ခဏစောင့်နော်"
မုရုံရွှယ် ရယ်မောလိုက်ကာ သူမရဲ့ ဖြူသွယ်တဲ့လက်က ခါးဆီ ရောက်သွားသည်။ သူမ ခါးက ဓားပျော့ကို ဆွဲထုတ်ကာ သနားညှာတာမှုကင်းမဲ့စွာ ထိုလူကြီးဆီ ခုတ်လိုက်သည်။

ထိုလူ မျက်လုံးကျဉ်းမြောင်းသွားကာ လက်က တုတ်နဲ့ မုရုံရွှယ်ရဲ့ တိုက်ခိုက်မှုကို ခုခံလိုက်သည်။ 'ခရက်' ဆိုတဲ့အသံနဲ့အတူ တုတ်က နှစ်ပိုင်းကျိုးသွားကာ အေးစက်တောက်ပနေတဲ့ ဓားတစ်လက် ထွက်ပေါ်လာသည်။

'ကလန်' ဆိုတဲ့အသံနဲ့အတူ ဓားကို ဝေ့ယမ်းလိုက်ကာ မုရုံရွှယ်ရဲ့ တိုက်ခိုက်မှုကို ရှောင်တိမ်းလိုက်သည်။  ပြီးနောက် ဘေးဘက်ကို ခုန်ထွက်လိုက်ကာ သူမကို အထက်စီးမှ မာနကြီးပြီး လူသတ်လိုသော အရိပ်အရောင်တို့ဖြင့် ကြည့်လိုက်သည်။ သနားစရာကောင်းတဲ့ လူအိုကြီး ပုံစံက ကွယ်ပျောက်သွားကာ
"မင်း ငါ့ကို ဘယ်လိုလုပ် သတိထားမိသွားတာလဲ"

မ​ကောင်းဆိုးဝါးမင်းသားနဲ့သူ့ရဲ့အဖိုးတန်​ဇနီး Where stories live. Discover now