မုရုံရော့ မျက်လုံးလက်သွားကာ ရှေ့ကိုတက်ပြီး လမ်းကို ပိတ်ရပ်လိုက်သည်။
"ဘယ်သူ့ကိုမှ ပွဲကြည့်စင်ထဲ ဝင်ခွင့်မပြုဘူး"

"သခင်မ"
အစေခံတွေနဲ့ အိမ်တော်ထိန်းတွေလဲ ရပ်သွားကာ မုရုံရော့ကို အံ့သြစွာ ကြည့်လိုက်ကြသည်။ သူမက ဘာလို့ ဒီမှာ ရှိနေကြတာလဲ

"မုရုံရော့!"
သခင်မကြီးစုန့်လဲ စိတ်ပျက်အံ့အားသင့်သွားကာ သူမမျက်လုံးထောင့်တွင် မီးတောက်တို့ တောက်လောင်နေလေသည်။ ရုတ်တရက် သူမစိတ်ထဲ အတွေးတစ်ခု ဖြတ်သန်းသွားကာ အံကြိတ်၍ မေးလိုက်သည်။
"နင် မီးရှို့ခဲ့တာလား"

"ဟင့်အင်း"
မုရုံရော့ တည်ငြိမ်စွာပင် လိမ်ပြောလိုက်သည်။

"ဒါဆို ဘာလို့ လမ်းကို ပိတ်ရပ်ထားတာလဲ ဒီနေရာကနေ ဖယ်လိုက်စမ်း မီးက ထျန်းဝမ်ကို လောင်ကျွမ်းတော့မယ်"
သခင်မကြီးစုန့် ဒေါသထွက်စွာ အော်ပြောလိုက်သည်။

မုရုံရော့ သဘောမတူပေ။
"သခင်ကြီးက သေတော့မယ် သူလွတ်မြောက်လာရင်တောင် အသက်ရှင်မှာ မဟုတ်ဘူး ပွဲကြည့်စင်ထဲက မီးက အရမ်းပြင်းထန်လို့ အစေခံတွေနဲ့ အိမ်တော်ထိန်းတွေကို သေချာပေါက် လောင်ကျွမ်းစေလိမ့်မယ် သေတော့မဲ့လူတစ်ယောက်အတွက် လူ့အသက်တွေအများကြီးကို စတေးတာမကောင်းဘူး"

"ပိတ်ထားစမ်း ထျန်းဝမ်က ဝူအန်းမှုးမတ်အိမ်တော်ရဲ့ အရှင်သခင်ပဲ သူတို့က အစေခံတွေပဲ သူတို့သူ့အတွက် လောင်ကျွမ်းပေးရမယ်ဆိုရင်တောင် အဲ့ဒါ သူတို့ကံကြမ္မာပဲ ရှေ့က ဖယ်စမ်း!"

သခင်မကြီးစုန့် ဒေါသကြီးစွာ ပြောလိုက်ကာ အစေခံတွေနဲ့ အိမ်တော်ထိန်းတွေဘက် လှည့်ကာ စိုက်ကြည့်ပြီးနောက်
"အသက်တွေကို သွားကယ်ကြလေ!"

"ဟုတ်ကဲ့"
အားလုံး ခေါင်းညိတ်ကာ ရှေ့ကို ကသုတ်ကရိုက် ပြေးထွက်လာကြသည်။ သူတို့ မုရုံရော့ကို ကျော်ဖြတ်ကာ ပွဲကြည့်စင်ထဲ ဝင်သွားဖို့ စီစဉ်လိုက်ကြ၏။

မုရုံရော့ သူမအင်္ကျီလက်ထဲက ဓားမြောင်ကို ရုတ်တရက် ဆွဲထုတ်လိုက်ကာ ကျယ်ကျယ်ပြန့်ပြန့် ဝေ့ယမ်းလိုက်ပြီး
"အဝေးမှာနေကြ မဟုတ်ရင် ရှေ့တိုးလာသူတိုင်းကို သတ်ပစ်မယ်"

မ​ကောင်းဆိုးဝါးမင်းသားနဲ့သူ့ရဲ့အဖိုးတန်​ဇနီး Where stories live. Discover now