"ကျွန်တော် စဉ်းစားပါရစေဦး"
ယဲ့ယိချန် သူ့ရဲ့ နက်မှောင်တဲ့မျက်လုံးများကို အောက်စိုက်ချလိုက်သည်။

"ဒါဆို မြန်မြန်စဉ်းစားရမယ် မဟုတ်ရင် ရွှယ်အာက တခြားလူကို လက်ထပ်သွားလိမ့်မယ် ဘယ်ယောက်ျားမှ မင်းလို ကန်းနေတာမဟုတ်ဘူး"
အရင်မင်းသားကျင်း ပျစ်ပျစ်နှစ်နှစ် ပြောလိုက်ပြီးနောက် တချက်မကြည့်ဘဲ ထွက်ခွာသွားလေတော့သည်။

ယဲ့ယိချန်  ရပ်နေလျက်က သူ့အဖေ ထွက်သွားတဲ့ ပုံရိပ်ကို ကြည့်လိုက်ပြီးနောက် Marquisအိမ်တော် ရှိရာဘက် ရှုပ်ထွေးနေတဲ့ မျက်လုံးတို့နဲ့ ကြည့်လိုက်သည်။

အရင်မင်းသားကျင်း ကြာပန်းအဆောင်ကနေ ဆယ်မီတာအကွာလောက် ရောက်နေပြီပေမဲ့ သူပြောသွားသမျှ စကားလုံးတစ်လုံးချင်းစီတိုင်းက ချင်းယွီယမ်ရဲ့ နားထဲ စွဲနေတုန်းပင်ဖြစ်ကာ သူမမျက်နှာကလဲ ချက်ချင်း ကြောက်စရာကောင်းစွာ မဲမှောင်နေလေသည်။

သူမ အရင်မင်းသားကျင်းကို တောင်းပန်ဖို့အတွက် သူမရဲ့ ဂုဏ်သိက္ခာကိုပင် ချထားခဲ့ရသည်။ သူမရဲ့ တောင်းပန်မှုကို ခွင့်လွှတ်ဖို့ ငြင်းဆန်ရုံတင်မကဘဲ သူမကို အပြစ်တင်ကာ ဆူသွားသေးသည်။ အရာအားလုံး ခြုံကြည့်ရင် သူက ယိချန်ကို သူမနဲ့ အဝေးကို ဆွဲထုတ်သွားသလို မုရုံရွှယ်နဲ့ နီးကပ်သွားဖို့ကိုလဲ တိုက်တွန်းသေးသည်။ သူက တကယ့်ကို လေးစားဖို့ကောင်းတဲ့ မြေခွေးအိုကြီးပဲ

အဆိပ်ပုလင်းသာ မဖျက်စီးခံရရင် သူမ ချက်ချင်း အဆိပ်နည်းနည်းလောက် သုံးကာ ထိုမြေခွေးအိုကြီးကို သတ်ပြီးပြီဖြစ်သည်။

ခဏအကြာ ချင်းယွီယမ် မျက်လုံးထဲက ဒေါသတို့ အနည်းငယ် လျော့ပါးလာသည်။
အရင်မင်းသားကျင်းက ခေါင်းမာကာ သူမအပေါ် သတိရှိသည်။ အခုအချိန်မှာ သူမ ဘာမှမလုပ်သင့်သေးပေမဲ့ နဂိုအတိုင်း ကျန်းမာသွားအောင်တော့ ကြာပန်းအဆောင်မှာ နေလို့ရသေးသည်။ မော့ပိုင် (မော့ပေ က အမှားပါ😁) က စစ်ကူတွေ မြို့တော်ကို ရောက်လာတဲ့အခါ သူမ ထိုမြေခွေးအိုကြီးကို သင်ခန်းစာ ပေးရပေမည်။

ရွှေရောင်နေအလင်းတို့က ကမ္ဘာပေါ် နွေးထွေးစွာ ဖြာကျနေကာ လော့ရွှယ်ကောတွင် အစေခံများနဲ့ အိမ်တော်ထိန်းများ ဟိုဟိုသည်သည် သွားလာလှုပ်ရှားနေကြသည်။

မ​ကောင်းဆိုးဝါးမင်းသားနဲ့သူ့ရဲ့အဖိုးတန်​ဇနီး Where stories live. Discover now