133: နောက်ဆုံးတော့ စေ့စပ်ပွဲဖျက်နိုင်ခဲ့ပြီ

Start from the beginning
                                    

"စေ့စပ်ပွဲဖျက်ရုံလေးပဲလေ ရိုးရှင်းလေ ပိုကောင်းလေပဲ အဲ့စိတ်ရှုပ်စရာ ဓလေ့ထုံးထမ်းတွေ မေ့ထားလိုက်"
ပြောပြီးသည်နှင့် မုရုံရွှယ် ကျောက်စိမ်းပြားလေးကို ထုတ်လိုက်ကာ
"ဒါက ရှင့်အဖေ ကျွန်မအဖေကို ပေးခဲ့တဲ့ လက်ဆောင်ပဲ ကျွန်မနဲ့အတူ ယူလာတယ် ပြီးတော့ စေ့စပ်လက်ဆောင်တွေ နှစ်သစ်ကူးလက်ဆောင်တွေ ပွဲတော်လက်ဆောင်တွေအကုန်လုံး ခြံအပြင်မှာ အခုဆို ရောက်နေလောက်ပြီ ကျွန်မအဖေပေးခဲ့တဲ့ ကျောက်စိမ်းပြားပဲ ပေးလိုက်ပါ အမှတ်အသားတွေ လဲပြီးရင် ကျွန်မတို့ စေ့စပ်ပွဲ တရားဝင်ပျက်ပြီ"

နောက်တစက္ကန့်ဆို ဘာဖြစ်လာမလဲ ဘယ်သူမှ မခန့်မှန်းနိုင်ပေ။ သူမလဲ အဲ့တာကို တော်တော်နားလည်လေသည်။ ရိရီချန်းက အကြီးတွေဆီ အဲ့တာကို ဖျက်ဖို့ တောင်းဆိုခဲ့တာက သူ နောင်တချိန်မှာ ဝယ်ချင်လို့ပင်။ (ဒီနား မရှင်းပေမဲ့ သူရေးထားတဲ့အတိုင်းပဲ ရေးထားလိုက်တယ်နော်)
သူလိုချင်တဲ့ဟာကို သူမမလုပ်နိုင်ပေ။ ဒီနေ့! အခု! သူမ ဖျက်ကိုဖျက်ပစ်မည်!

တလက်လက်တောက်ပကာ အထက်တန်းကျပြီး သိမ်မွေ့တဲ့ မျဉ်းတွေ ဆွဲထားတဲ့ ကျောက်စိမ်းပြားကို ကြည့်ကာ ရိရီချန်း မျက်လုံးတို့ ခါးသီးနေသည်။ သူ ပုတ်ခတ်ပုတ်ခတ်လုပ်ကာ တီးတိုးပြောလိုက်သည်။
"မင်းအဖေ ငါ့ကို လက်ဆောင်ပေးထားတဲ့ အမှတ်အသားက.... ငါရှာမတွေ့တော့ဘူး"

မုရုံရွှယ် အံ့သြသွားသည်။
"ရှင်ပျောက်သွားတာလား"

"မဟုတ်ဘူး"
ရိရီချန်း ခေါင်းခါလိုက်ကာ
"ငါ အခုတလော အလုပ်ရှုပ်နေတော့ ဘယ်မှာ ထားထားလဲဆိုတာ မေ့သွားတာ"

မုရုံရွှယ် လှောင်လိုက်သည်။ ထိုအမှတ်အသားက စေ့စပ်ပွဲကို ကိုယ်စားပြုသည်။ လက်ထပ်ပွဲမတိုင်ခင် အဲ့တာကို နှစ်ဖက်လုံးက သေချာထိန်းသိမ်းကာ လက်ထပ်ပွဲမှာ နှစ်ဖက်လုံးရဲ့ တရားဝင်ဖြစ်ကြောင်း ပြရသည်။ အခု ရိရီချန်းက သူ့အမှတ်အသားကို ပစ်ထားပြီး ရှာမတွေ့တော့ပေ။ အဓိပ္ပါယ်က သူ ဒီလက်ထပ်ပွဲကို ဘယ်တုန်းကမှ အလေးအနက်မထားခဲ့ပေ။ အတိအကျပြောရလျှင် သူက သူမကို တစ်ခါမှ ဂရုမစိုက်ခဲ့ပေ။
ဒါပေါ့ သူ အဲ့တာကို ပျောက်မှာမဟုတ်ပေ။ သူ စေ့စပ်ပွဲကို မဖျက်ချင်ရုံပင်။

မ​ကောင်းဆိုးဝါးမင်းသားနဲ့သူ့ရဲ့အဖိုးတန်​ဇနီး Where stories live. Discover now