122: ဖျားယောင်းသွေးဆောင်ခြင်း

Start from the beginning
                                    

"ချင်းယန် အရိုအသေပေးပါတယ် မင်းသားကျင်း"
အားနည်းတဲ့ မိန်းကလေးအသံက နောက်ကနေ ထွက်ပေါ်လာလေသည်။ ရိရီချန်းလှည့်ကြည့်လိုက်တော့ မိန်းကလေးတစ်ယောက်ကို တွေ့လိုက်ရသည်။ ထိုမိန်းကလေးက ဇီးရောင်ဝတ်ရုံရှည်ကိုမှ လည်တိုင်နေရာနဲ့ အင်္ကျီအောက်နား စကတ်အောက်အနားတွေမှာ လှပတဲ့ မက်မွန်ပန်းထိုးထားတဲ့ ဝတ်ရုံကို ဝတ်ဆင်ထားကာဆံပင်ကို ဆံထိုးတစ်ခုနဲ့ ထိုးထားလေသည်။ ထိုဆံထိုးက ကျောက်မျက်ရတနာတွေနဲ့ အလှဆင်ထားကာ နားဆွဲတို့က သူမရဲ့ မျက်နှာသေးသေးလေးကို ပံ့ပိုးထားသည်။

ရိရီချန်း သူ့ကိုယ်သူ ပြန်ရေရွေတ်နေသည်။
"ချင်းယန်? ချင်းယန်လို့ ခေါ်တဲ့ မိန်းမကို ငါသိလို့လား"

သူ စိတ်ထဲမှ ထိုမိန်းမအကြောင်း ရှာကြည့်နေလေသည်။ ခဏကြာပြီးမှ သူ သူမကို မှတ်မိသွားသည်။
"မင်းက အန်းဟော်အိမ်တော်က စုန့်ချင်းယန်!"

"အတိအကျပါပဲရှင့်"
စုန့်ချင်းယန် ပြုံးလိုက်သည်။ စကတ်ကို ဝေ့ယမ်းမိတော့ အနားသတ်မှာ ထိုးထားတဲ့ မက်မွန်ပန်းတို့က သူမကို ပိုပြီး လှပစေကာ ဖျားယောင်းသည့်ပုံ ပေါက်သွားစေသည်။

ဒါပေမဲ့ ရိရီချန်းက သူမကို စိတ်ဝင်စားပုံမပြပေ။ သူမကို မာနကြီးစွာ ကြည့်ကာ ထူးမခြားနား​သောအသံဖြင့်
"ဒါဆို ဒီမှာ ဘာလုပ်နေတာလဲ"

စုန့်ချင်းယန် သိမ်မွေ့စွာ ပြုံးလိုက်ပြီး
"တကယ်တော့ ဘာမှမရှိပါဘူး ကျွန်မက ကျွန်မဦးလေးနဲ့ လိုက်လာတာပါ"

"ဘာမှလုပ်စရာမရှိရင် ပြန်သွားတာ ပိုကောင်းမယ် ငါ့အဖေက နာမကျန်းဖြစ်နေတာ အနားယူဖို့လိုတယ် နှောင့်ယှက်တာ သူမကြိုက်ဘူး"
ရိရီချန်း စိတ်မရှည်စွာ ဖြတ်ပြောလိုက်ကာ သူမကို မယဉ်ကျေးစွာ နှင်ထုတ်လိုက်သည်။

စုန့်ချင်းယန်ရဲ့ မျက်နှာ ချက်ချင်းဖျော့တော့သွားကာ ရင်ဘတ်နဲ့ ကျောကို ကျောက်တုံးကြီးနဲ့ ပစ်တိုက်မိသလို ခံစားလိုက်ရပြီး မျက်ရည်တို့က သူမရဲ့ နှစ်လိုဖွယ်ကောင်းတဲ့ မျက်နှာပေါ် လိမ့်ဆင်းလာကြသည်။

သူမအရမ်းချစ်တဲ့လူကို လက်လျှော့ခဲ့ကာ မာနကြီးတဲ့ မင်းသားကျင်းကို သူမဘဝရဲ့ ပျော်ရွှင်မှုတွေ ပုံအပ်ဖို့ ကျေနပ်စွာပင် သူ့နှလုံးသားကို ရဖို့ လာကြိုးစားခဲ့သည်။ ဒါပေမဲ့ သူမကို ထွက်သွားဖို့ ပြောခံရသည်။ ဒါက သူမအပေါ် ခံစားချက်မရှိဘူးလို့ ပြောလိုက်တာမလား

မ​ကောင်းဆိုးဝါးမင်းသားနဲ့သူ့ရဲ့အဖိုးတန်​ဇနီး Where stories live. Discover now