112: အဆိပ်ကျွေးခြင်း

Start from the beginning
                                    

တုန့်ဖန်းလီ ရှက်ရွံစွာ ပြုံးလိုက်ပြီး ပြောလိုက်သည်။
"ကျွန်တော်တာင်းပန်ပါတယ် တကယ်တော့ ကျွန်တော်က..."

"တုန့်ဖန်းလီ ကျွန်မတို့သခင်မလေးက ကြင်နာစွာနဲ့လဲ ရှင့်က်ု ကယ်ရသေးတယ် ရှင်က ပြန်တိုက်ခိုက်တယ်ပေါ့ အတင့်ရဲလိုက်တာ "
မီအာ လေးစားခြင်းမရှိဘဲ ဒေါသထွက်စွာ တုန့်ဖန်းလီကို အော်လိုက်ပြီး စုနန်ရှန်းရဲ့ ပြင်းထန်လှတဲ့ ဒဏ်ရာကို ကြည့်လိုက်လေသည်။

တုန့်ဖန်းလီ သွေးတွေပေနေတဲ့ ဝတ်စုံနဲ့ သူမကို ကြည့်လိုက်သည်။ စုနန်ရှန်းက မျက်ရည်များဝိုင်းနေတဲ့ မျက်လုံးများနဲ့ ဝမ်းနည်းစွာ ကြည့်နေပြီး
"ကျွန်မ ရှင့်ကို ကယ်ခဲ့တာပါ ကျွန်မက ရှင့်ရဲ့ အသက်သခင်ပါ ရှင်မုရုံရွှယ်ကို သဘောကျတာနဲ့ပဲ ရှင်ကျွန်မကို မသတ်သင့်ပါဘူး"

"စုနန်ရှန်း မင်းငါ့ကို ကယ်ခဲ့တယ်ဆိုတာ သေချာလို့လား"
လှည့်စားတတ်တဲ့အပြုံးနဲ့ တုန့်ဖန်းလီ သူမကို ကြည့်ရင်း မေးလိုက်သည်။

"ဘာကို ဆိုလိုတာလဲ"
စုနန်ရှန်း မေးလိုက်သည်။

"မင်းက ငါ့ကို ကယ်ခဲ့တဲ့ တစ်ယောက်မဟုတ်ဘူး မင်းက အယောင်ဆောင်ပဲ"
တုန့်ဖန်းလီ သူမရဲ့ အလိမ်အညာကို ဖော်ထုတ်ကာ ပြန်ပြောလိုက်သည်။

တုန့်ဖန်းလီ စုနန်ရှန်းက သူ့ကို ကယ်ခဲ့တဲ့သူမဟုတ်ဟု မှန်းဆမိပြီးနောက် သူမကို ဧကရာဇ်အိမ်တော်မှာ စမ်းသပ်ခဲ့တယ်။ စုနန်ရှန်း သူလိုအပ်နေတဲ့ ဆေးကို မပေးနိုင်တဲ့အပြင် သူမချည်ထားတဲ့ ဖဲပြားထုံးက သူ့ဒဏ်ရာက ဖဲပြားထုံးနဲ့ မတူညီပေ။ ဒါကြောင့် သူ့ကို ကယ်ခဲ့တာ စုနန်ရှန်း မဟုတ်တာ သိသွားသည်။

ဧကရာဇ်အိမ်တော်က ယာယီနေထိုင်ဖို့အတွက် နေရာကောင်းမဟုတ်ပေ။ စုနန်ရှန်း အနိုင်ကျင့်ခံရတော့ သူပြန်ကူညီ​ပေးနိုင်ပေမဲ့ သူ့ကို အမှန်တကယ် ကယ်ခဲ့တဲ့လူကိုတော့ မသတ်ခိုင်းသင့်ပေ။ မြှားက သူ့ကို လိမ်ညာတဲ့အတွက် ပြစ်ဒဏ်ပဲ ဟုတ်ပြီလား

စုနန်ရှန်းမျက်နှာ ဖြူဖျော့သွားသည်။ တုန့်ဖန်းလီက သိနေတယ် သူအားလုံးကို သိနေတယ်? ဘယ်လိုဖြစ်နိုင်မှာလဲ ဘယ်လိုဖြစ်နိုင်မှာလဲ

မ​ကောင်းဆိုးဝါးမင်းသားနဲ့သူ့ရဲ့အဖိုးတန်​ဇနီး Where stories live. Discover now