part 60

3.2K 201 9
                                    

Zawgyi


part 60

ကျဲရှင်း " ငါရဲ့ ငွေဝင်ပေါက်လေ ဗိုက်ဆာနေအုံးမယ် မြန်မြန်သွားမှ"

ကျဲရှင်းကနားနေခန်းကို မြန်မြန်ပင်လာလိုက်သည်။ ကျဲရှင်းနားနေခန်းအရှေ့သို့ရောက်တော့ bossပြောသလိုပင် တံခါးမှာ 'မဝင်ရ' ဆိုပြီး ကပ်ထားသည်။

ကျဲရှင်းက တံခါးလက်ကိုင်ကို ဖွင့်လိုက်တော့ အထဲမှာ စောင့်ကြိုနေတဲ့ ကျက်သရေရှိလှတဲ့မြင်ကွင်းလေ။ အရမ်းကျက်သရေရှိတာပဲ။ ဘာလို့ဆိုတော့ ခြေကားရားလက်ကားရာ အိပ်နေတဲ့ ရှောင်ပိုင်လေးက ပါးစပ်မှာလဲ သရေစီးကြောင်းလေးနဲ့။

ကျဲရှင်းက ရှောင်ပိုင်နားသွားလိုက်ပြီး .....

ကျဲရှင်း " ငါရဲ့ငွေဝင်ပေါက်လေရေ ထပါတော့"

ရှောင်ပိုင်က လှုပ်တောင်မလှုပ်။

ကျဲရှင်း " ရှောင်ပိုင်ရေ.......ရှောင်ပိုင်လေးရေ...,ထပါတော့........လိမ္မာတယ်နော်"

လို့ပြောပြီး လှုပ်နိုးလိုက်သည်။ ဒါပေမဲ့ အိပ်ပုတ်ကြီးတဲ့ ရှောင်ပိုင်က 'အင်း.....အဲ'လုပ်ပြီး ဟိုဘက်လှည့်၍ ပြန်အိပ်နေသည်။

ကျဲရှင်း " ရှောင်ပိုင်... ,. ,.. !!!!!!!!!!!"

ကျဲရှင်းက စိတ်ပေါက်ပေါက်နဲ့အော်နိုးမှ ရှောင်ပိုင်က 'ဝေး.....'ဆိုပြီးနိုးလာပါတယ်။

ရှောင်ပိုင် " အော်......ကျဲရှင်း."

ဆိုပြီး အပျင်းလိမ်နေလေတဲ့ရှောင်ပိုင်ပါလေ။

ကျဲရှင်း " ရှောင်ပိုင် နေ့လည်စာမစားရသေးဘူးမလား"

ရှောင်ပိုင် " နေ့လည်တောင် ရောက်သွားပြီးလား "

ကျဲရှင်း " ဟုတ်တယ်လေ။ လာဒီမှာလာစား။ bossပေးလိုက်တာ။ "

ရှောင်ပိုင် " လာပြန်ပြီး boss။ ကျဲရှင်းလာရင် bossမပါတာ မပြီးဘူးနော်"

ကျဲရှင်း " ဟဲဟဲ အမှန်တရားက ခါးတယ်လေ"

ရှောင်ပိုင် " ဟွန့်..........အယ်ဒါနဲ့ ဘာလို့ဒီအခန်းရောက်နေတာလဲ။ အလုပ်ခုံမှာ အိပ်ပျော်သွားတာပါ"

The CEO's Brave Girl Season (1) (Complete)Where stories live. Discover now