part 71

2.7K 161 11
                                    

Zawgyi




part 71

ရှောင်ပိုင်တစ်ယောက်ဒီနေ့ စောစောထပြီး ရေမိုးချိုးလေသည်။ ပြီးတာနဲ့ ကွန်ဒိုကနေ ထွက်ခဲ့ ပြီး လမ်းလျှောက်လေသည်။

မိုးမလင်းသလင်းဖြစ်နေတာကြောင့် လမ်းဘေး ဈေးသည်များက ပစ္စည်းတွေသယ်ပြီး ဆိုင်ဖွင့်နေကြသည်။ တစ်ချို့ဆို နားကြပ်လေးတစ်ယောက်တစ်ဖက်တက်ထားပြီး လမ်းလျှောက်နေတဲ့ အချစ်ငှက်လေးများလည်း ရှိနေသည် ။ မနက်စောစောပြေးတဲ့လူကပြေး ၊ သီချင်းဆိုနေကြသူများလည်း ရှိနေပြန်သည်။ ကျေးငှက်အသံလေးများက မနက်ခင်းလေးမို့ 'တစ်ကျွိးကျွိး'နဲ့ သာယာဖွယ်ဖြစ်နေသည်။ အဖွားတစ်ယောက်ကို အဖိုးတစ်ယောက်က အေးတာကြောင့် လက်လေးကိုပွတ်ပေးပြီး အာငွေ့ပေးနေတဲ့မြင်ကွင်းကြောင့်ကြည်နူးရပါသည်။

(ကိုယ်သွားချင်တဲ့ပုံတွေကောက်ရေး)

ရှောင်ပိုင်က ဆက်လျှောက်နေရင်း ဖုန်းကင်မလာကို ဖွင့်လိုက်ပြီး မလင်းသလင်းဖြစ်နေတဲ့ ကောင်ကင်ကြီးကို ဓာတ်ပုံရိုက်လိုက်သည်။ နားကြပ်လေးနဲ့ သီချင်းနားထောင်ရင်း လမ်းလျှောက်လာခဲ့သည်။ လမ်းလျှောက်ရင်း ပေါက်စီရောင်းတဲ့ဆိုင်တစ်ဆိုင်ကိုတွေ့တာကြောင့် ဝင်လိုက်သည်။

ရှောင်ပိုင် " ဖွားဖွား ပေါက်စီ10လုံးပေး"

ဖွားဖွား " ဟုတ်ပြီး မြေးလေး"

ပေါက်စီဆိုင်က ဖွားဖွားက ရှောင်ပိုင်အတွက် ပေါက်စီ10လုံး ထည့်ပေးသည်။ ရှောင်ပိုင် ပိုက်ဆံရှင်းလိုက်ပြီး တက်စီတစ်စီးငှားလိုက်သည်။ ပြီးတာနဲ့ ကျစ်ဟန်အိမ်သို့လာခဲ့သည်။

ကျစ်ဟန်အိမ်ရောက်တာနဲ့ ဘဲလ်တီးလိုက်သည်။
ဘဲလ်တီးလိုက်တော့ ဘော်ဒီဂတ် တွေထွက်လာသည်။ ဘော်ဒီဂတ်တွေ ရှောင်ပိုင်ကိုမြင်တာနဲ့ အသံပြိုင်တူထွက်လာကြသည်။

ဘော်ဒီဂတ်များ " သခင်မလေး"

ရှောင်ပိုင်မှာ လန့်သွားရသည်။

ရှောင်ပိုင် " ဖြေးဖြေးပြောပါဟယ်။ လန့်ပါလန့်တယ်"

ဘော်ဒီဂတ်ခေါင်းဆောင် " sorry ပါသခင်မ...သခင်မလန့်သွားဖို့မရည်ရွယ်ပါဘူး"

The CEO's Brave Girl Season (1) (Complete)Where stories live. Discover now