part 83

2.2K 150 24
                                    

Zawgyi




part 83

ရှောင်ပိုင်တို့ ကားထွက်လာတာ လမ်းတစ်ဝက်လောက်ရှိသွားခဲ့ပြီး။ လမ်းတစ်ဝက် နေရာရောက်တော့ ရှောင်ပိုင်က ကားရပ်ခိုင်းလိုက်သည်။

ရှောင်ပိုင် " အိမ်တော်ထိန်း ဆင်းတော့ ကားပေါ်ကနေ"

အိမ်တော်ထိန်း " ဟမ်.....အိမ်မှမရောက်သေးတာ "

ရှောင်ပိုင် " ငါတို့အိမ်သွားမှာ မဟုတ်ဘူး။ ငါတို့ထမင်းသွားစားရအုံးမယ် ကစားကွင်းလဲ သွားရအုံးမယ် နင့်ကိုပါခေါ်သွားရင် ငါတို့ ပျော်တာတွေပျက်တယ် မြင်တာနဲ့ဒေါသထွက်လာပြီး နင့်ကို ဒီထက်ပိုပြီး နိုပ်ဆက်မိလိမ့်မယ် ငါတို့အတွက် ငရဲများတယ် ဆင်းတော့ကားပေါ်ကနေ .......ဒီထက်ပိုပြီး မရက်စက်မိခင်"


အိမ်တော်ထိန်းလည်း လူပြတ်တဲ့လမ်းပေမဲ့ လွတ်ကြွတ်ပြီး ဆိုပြီး ကားပေါ်က ဆင်းလေရဲ့။

အိမ်တော်ထိန်း ဆင်းတာနဲ့ရှောင်ပိုင်တို့ကားလဲ စားသောက်ဆိုင်သို့ ဦးတည်ခဲ့သည်။ ရှောင်ပိုင် တို့က စိတ်ထဲမကောင်းတဲ့ အကြောင်းအရာတွေမေ့ပြီး ပျော်ပျော်ပါးပါးပဲ လွတ်လပ်စွာ သွားကြသည်။ ဒါပေမဲ့  ရှောင်ပိုင်တို့သွားပြီး မကြာခင် မျက်နှာအုပ်ထားတဲ့ လူတစ်စုက အိမ်တော်ထိန်းကို ကားအမဲတစ်စီးနဲ့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာ ရှောင်ပိုင်တို့ မသိခဲ့ကြ။

အိမ်တော်ထိန်းက 'ကယ်ပါ' လို့အော်ပေမဲ့ လူပြတ်တဲ့ နေရာဖြစ်တာကြောင့် ဘယ်သူမှမကြားခဲ့ပါ။



ရှောင်ပိုင်တို့ နာမည်ကြီးစားသောက်ဆိုင်ကို ရောက်တော့ ကားပေါ်က သုံးယောက်သားပျော်ပျော်ပါးပါး ဆိုင်ထဲ ဝင်သွားကြသည်။

ဟန်ဖုန်း " ငါVIP အခန်းယူလိုက်မယ်"

ရှောင်ပိုင် " အေ ယူလိုက် လွတ်လွတ်လပ်လပ် စားလို့ရပြီးပေါ့"

ဒီလိုနဲ့ ရှောင်ပိုင်တို့ VIPအခန်းထဲရောက်ရှိခဲ့ကြသည်။ များလှသော အစားအစာတွေကို မှာကြလေသည်။

ရှောင်ပိုင် " သရေယိုစရာတွေကြီးပဲ "

ကျောက်ဖုန်း " ငါဒီဟာစားချင်တယ် ဒီဟာရောပဲ "

The CEO's Brave Girl Season (1) (Complete)Where stories live. Discover now