Zawgyi
part 91
ကျင်းရီတို့အိမ်ရောက်တော့ ကျောက်ဖုန်းကို ကျင်းရီက ချီလိုက်ပြီး အိမ်ထဲသို့ ဝင်လိုက်သည်။ ကျောက်ဖုန်းက အိပ်ပျော်နေလေသည်။
ကျင်းရီက ကျောက်ဖုန်းကို ဧည့်ခန်းက ဆိုဖာပေါ်မှာ ပေးအိပ်ထားလိုက်သည်။ ပြီးတာနဲ့ ဆေးဗူးယူလိုက်ပြီး ဆိုဖာအောက်မှာ ဒူးထောက်ကာ ကျောက်ဖုန်းရဲ့ခြေထောက်ကို ဆေးထည့်ပေးလေသည်။
ကျောက်ဖုန်းက ဆေးထည့်နေတော့ နာပြီး စပ်နေတာကြောင့် အိပ်နေရာမှ ညီးငြူသံနဲ့အတူ နိုးသွားတော့သည်။
ကျောက်ဖုန်း " အ့.....နာတယ် "
ကျင်းရီ " .................. "
ကျင်းရီက ကျောက်ဖုန်းရဲ့ ဒဏ်ရာကို ဆေးထည့်ပေးလိုက်သည်။
ကျင်းရီ ကျောက်ဖုန်းရဲ့ ခြေထောက်ကို ပတ်တီးပေးပြီး ပြန်ချီလိုက်သည်။ကျောက်ဖုန်း " ခင်များ ဘာလုပ်မို့လဲ အောက်ချပေး"
ကျင်းရီ " ငြိမ်ငြိမ်နေ "
ကျင်းရီက ကျောက်ဖုန်းကိုချီပြီး ထမင်းစား စားပွဲခုံမှာ ပေးထိုင်လိုက်သည်။ အစေခံတွေက စားစရာတွေလာချပေးသည်။
ကျောက်ဖုန်းတို့စားသောက်ပြီးတော့ ကျင်းရီက ဆေးတစ်လုံးရယ် ရေတစ်ခွက်ရယ်ယူလာသည်။
ကျင်းရီ " သောက်လိုက် "
ကျောက်ဖုန်း " အဲ့ဒါဘာဆေးလဲ "
ကျင်းရီ " အကိုက်ခဲပျောက်ဆေး "
ကျောက်ဖုန်း " မသောက်ဘူး "
ကျင်းရီ " ဆေးသောက်မှ နာတာပျောက်မှာ "
ကျောက်ဖုန်းက ခေါင်းကိုဟိုဘက်လှည့်ပြီး မသောက်ဘူးလို့ငြင်းသည်။ ကျောက်ဖုန်းက ဆေးအရမ်းကြောက်သူဖြစ်သည်။ နေမကောင်းဖြစ်ရင်
ဆေးကို အမှုန့်ချေပြီး အစားထဲထည့်စားသူဖြစ်သည်။ကျောက်ဖုန်း " မသောက်ဘူး "
ကျင်းရီ " မသောက်ရင် ကိုယ့်ကြမ်းမိမှ အဆိုးမဆိုနဲ့ "
ကျောက်ဖုန်း " မကြောက်ပါဘူး "
ကျင်းရီ " ကောင်းပြီးလေ "
YOU ARE READING
The CEO's Brave Girl Season (1) (Complete)
Romancetime travel အမျိုးအစားလေးပါ။ အမှားပါရင် ခွင့်လွှတ်ပါ။ ချစ်သူရဲ့ သစ္စာဖောက်ချင်းကို ခံရပြီး time travel ဖြစ်လာတဲ့ ပိုင်ကျင်းကျင်း ။ မိထွေးနဲ့ညီမ က နိုပ်စက်မှုကြောင့် သေသွားတဲ့ ရှောင်ပိုင်ရဲ့ ခန္ဓာကိုယ်ထဲကို ရောက်လာပြီး ဘယ်လိုကလဲ့စားချေမလဲ အချစ်ရေးလေးကလဲ...