part 58

3.1K 202 21
                                    

Zawgyi


part 58

ရှောင်ပိုင် သူ့အလုပ်စားပွဲဆီသို့ပြန်ရောက်လာခဲ့သည်။ မီးတစ်ဝင်းဝင်းနဲ့ ကြည့်နေကြတဲ့ ကောင်မလေးတွေကို စချင်စိတ်ဖြစ်လာတာ
ကြောင့် အသံကျယ်ကျယ်နဲ့ ကိုယ်ကိုကိုယ်ပြောသလိုပြောလိုက်သည်။

ရှောင်ပိုင် " အားယား........လူကြီးက အရမ်းroတာပဲ။ လူကြီးဆီမှာ အလုပ်လုပ်တာတစ်ချို့ ကြိုက်မဲ့လူမရှိ အသက်နဲ့မှမလိုက် အဖွားကြီးရုပ်တွေနဲ့ လိုက်မြူဆွယ်နေတဲ့လူတွေလို ပင်ပင်ပန်းပန်းအလုပ်လုပ်စရာမလိုဘူး "

ရှောင်ပိုင်က မုန့်အိပ်နှစ်အိပ်ကို အားလုံးမြင်အောင်
အပေါ်မြှောက်လိုက်ပြီး ဆက်ပြောလာသည်။

ရှောင်ပိုင် " မုန့်တွေ အလကားထိုင်စားရုံနဲ့ လူကြီးက ပိုက်ဆံတွေ ပေးတာ။ ဘဝကြီးက ကောင်းလိုက်တာ"

မုန့်ထုတ်တွေကို ပြန်ချပြီး ထိုင်လိုက်သည်။
စိတ်တိုသွားတဲ့ မိန်းမတွေက(ရှောင်ပိုင်ထက်အသက်အများကြီး ကြီးလို့🙃) ရန်ပြန်ဖြစ်ဖို့ ထလိုက်ပေမဲ့ ရှောင်ပိုင်ရဲ့ နောက်ကျောဘက်က ဝံပုလွေကြီးက လူသတ်တော့မဲ့အကြည့်တွေနဲ့ အေးစက်တဲ့အရှိန်တွေထုတ်လိုက်တာကြောင့် ရန်ဖြစ်ဖို့ပြင်နေတဲ့ မိန်းမတွေက အလိုလိုထိုင်မိသွားသည်။ ဒူတွေကလဲတုန်နေသည်။

ရှောင်ပိုင်တစ်ယောက်က မိန်းမတွေထပြီး ဘာလို့ပြန်ထိုင်သွားကြတာလဲ မသိတာကြောင့် ကြောင်နေမိတယ်။ ကျောနောက်ကအေးလာတာကြောင့် လှည့်ကြည့်လိုက်တော့ လူကြီး။ ရှောင်ပိုင်ကိုအေးအေးစက်စက် တစ်ချက်ကြည့်ပြီး ထွက်သွားသည်။

ရှောင်ပိုင် " ဟွန့် လူကိုလာပြီး သူ့အကြည့်တွေနဲ့လန့်အောင်လုပ်နေတယ်။ ပြီးတော့ သူပေးတဲ့အလုပ်ကိုလည်းကြည့်ပါအုံး ဟွန့်....... စိတ်တိုလိုက်တာ။ ဒါပေမဲ့တစ်မျိုးကောင်းပါတယ်။ ငါမနက်စာမစားရသေးဘူးလေ"

ဆိုပြီး မုန့်ထုတ်တွေကိုကြည့်လိုက်တော့ သူအကြိုက်မုန့်တွေဖြစ်နေသည်။ ရှောင်ပိုင်မုန့်တစ်ထုတ်ကိုဖောက်လိုက်ပြီး တစ်ခုချင်းဆီ
feelအပြည့်နဲ့စားနေသည်။ စားနေရင်တစ်ခုခုကိုသတိရတာကြောင့် မုန့်ထုတ်လက်ကလွှတ်ကျသွားတော့သည်။

The CEO's Brave Girl Season (1) (Complete)Onde histórias criam vida. Descubra agora