part 22

5.4K 355 1
                                    

Zawgyi

part 22

ရှောင်ပိုင်မိုးရေထဲမှာ လမ်းလျှောက်နေတုန်း တက်စီများရှိမလားကြည့်သေးတယ်။ တစ်စီးတောင်မလာဘူး။

ရှောင်ပိုင် တစ်ကိုယ်လုံးမိုးရေ စိုရွှဲကုန်ပြီး အဝတ်ထုပ်လည်း စိုရွဲကုန်သည်။ ရှောင်ပိုင်မတက်နိုင်တော့။ တော်တော်ကြာကြာ လမ်းလျှောက်ပြီးမှ လမ်းတဝက်ကျိုးသည်။

ရှောင်ပိုင်ရှေ့ဆက် သွားချင်သော်လည်း လမ်းလျှောက်တာ တစ်ဖြေးဖြေးနှေးလာပြီး ။ မျက်လုံးတွေလည်း ဝေဝါးလာသည်။ ရှေ့ဆက်လမ်းမလျှောက်နိုင်သောကြောင့် ထိုလမ်းဘေးမှာတင် ပြစ်လဲသွားတော့သည်။

သူမလဲခင်မြင်လိုက်ရတာကတော့ သူဘေးမှာရပ်လာတဲ့ကားတစ်စီးပေါ်က ထွက်လာတဲ့လူတစ်ယောက်။ ထို့နောက်ရှောင်ပိုင် မေ့သွားတော့သည်။

ကျစ်ဟန် ဒီနေ့ ကုမ္ပဏီက ပြန်လာတော့ စားသောက်ဆိုင်မှာညီမလေးနဲ့အတူ ညစာဝင်စားသည်။ ထို့နောက် ညီမလေးနဲ့အတူ အိမ်ပြန်လာတော့ မိုးရွှာချသည်။ အရင်ကအိမ်ပြန်တဲ့လမ်းအတိုင်းဆိုရင် ကားတွေ ဆိုင်ကယ်နဲ့ လမ်းပိတ်တာမက မိုးရွှာပြီးလမ်းပိုပိတ်နေတာကြောင့် တစ်ခြားလမ်းကလာခဲ့သည်။ ဘေးကညီမလေးက နားကြပ်လေးတပ်ပြီး မှေးနေတယ်။

ထိုလမ်းသို့ဝင်ပြီးမကြာ မိုးရေထဲ အထုပ်တွေနဲ့ လမ်းလျှောက်နေတဲ့ကောင်မလေးတစ်ယောကို လှမ်းမြင်လိုက်သည်။ တဖြေးဖြေးလမ်းလျှောက်နှေးလာတာကို လှမ်းမြင်လိုက်သည်။ ပုံမှန်ဆို ကျော်သွားလိုက်မှာဖြစ်ပေမဲ့ ရင်းနှီးနေတဲ့ပုံရိပ်ကြောင့်ကြည့်နေမိတယ်။ ထိုပုံရိပ်လေးနဲ့ တစ်ဖြေးဖြေးနီးလာပြီး ထိုပုံရိပ်လေးဘယ်သူလဲဆိုတာ သိသွားသည်။ အနားရောက်ကာနီးကျ လဲကျသွားတာကြောင့် စိတ်ပူသွားမိတယ်။

ကျစ်ဟန် ''ကားရပ်''

ကျစ်ဟန် ဒါရိုက်ဘာကိုကားရပ်ခိုင်းတာနဲ့ ထိုဒါရိုင်ဘာက ကားရပ်ပေးသည်။ မရပ်ပေးလို့ရမလား။
ခေါင်းပြုတ်သွားမှာပေါ့။

ဟန်ဖုန်း ''ကိုကြီး ဘာဖြစ်လို့လဲ ကားရပ်ခိုင်းတာ''

ကျစ်ဟန် '' ငါbabyလဲကျနေလို့''

The CEO's Brave Girl Season (1) (Complete)Donde viven las historias. Descúbrelo ahora