part 62

2.9K 183 10
                                    

Zawgyi



part 62

ကျောင်ဖုန်းခဲအလုပ်နောက်ကျမှာ ဆိုးတာကြောင့်
ကုမ္ပဏီမှ မြန်မြန်ပင်ဆင်းလာသည်။

အောက်ရောက်တော့ အလုပ်ကပေးတဲ့ ဆိုင်ကယ်ဆီကိုလာခဲ့သည်။ ကုမ္ပဏီရှေ့မှာမထားထား။ တခြားနေရာမှာ ထားထားလို့ဖြစ်သည်။ ကုမ္ပဏီနားမှာ ယာဉ်ပေးမထားသောကြောင့်ဖြစ်သည်။

ကျောက်ဖုန်းလည်း အလုပ်ကပစ္စည်းပို့ဖို့ပေးတဲ့ဆိုင်ကယ်ဆီကိုလာခဲ့ပေမဲ့ ဆိုင်ကယ်မတွေ့တော့။ အခိုးခံလိုက်ရသည်။

ကျောက်ဖုန်း " အီးဟီး............. ဘယ်လို ......
ဟင့်......လုပ်မလဲ......ဆိုင်ကယ်ခိုးခံရပြီး။........အီး........ပြန်လျော်ရတော့မယ်"

ကျောက်ဖုန်းက အကူညီမဲ့စွာ ငိုပါလေရော။
ထိုနေရာမှာတင်ထိုင်ငိုနေသော ကျောက်ဖုန်းကို ကျင်းရီမှမြင်သွားသည်။ ကျင်းရီက ကျောက်ဖုန်းနားသို့ လာပြီး.....။

ကျင်းရီ "..အာ.......ကျောက်ဖုန်း ဘာလို့ဒီမှာ ထိုင်ငိုနေတာလဲ။ ဘာဖြစ်လို့လဲ"


ကျောက်ဖုန်း " ခင်များ......... ဘာလဲ။ "
@ဟယ် ငါ့crushနဲ့ ဒီလိုပုံစံနဲ့လာတွေ့ နေရတယ်လို့@

ကျောက်ဖုန်းက ကျင်းရီကို စတွေ့ထဲက ချစ်မိသွားတာဖြစ်သည်။

ကျောက်ဖုန်းကလည် ကျင်းရီကို တွေ့ချင်နေပေမဲ့ တွေ့လိုက်ရတော့လဲ သူငိုတဲ့ပုံစံနဲ့

ကျောက်ဖုန်းက မျက်ရည်သုတ်ပြီး ပြန်မေးလိုက်သည်။

ကျင်းရီ " ဘာဖြစ်လို့ငိုနေတာလဲ"

ကျင်းရီကလည်း မေးလိုက်ရင်း ကျောက်ဖုန်းပါးပေါ်က မျက်ရည်တွေကိုသုတ်ပေးလိုက်သည်။
ကျောက်ဖုန်းမှာတော့ ကြောင်ကြည့်နေသည်။

ကျောက်ဖုန်း "  အခိုးခံရလို့ "

ကျင်းရီ " အဲ့တော့"

ကျောက်ဖုန်း " ပြန်လျော်ရတော့မယ်။ ကျွန်တော့ဟာမဟုတ်ဘူး။ ဘာနဲ့ပြန်ရမလဲမသိဘူး။ ကျွန်တော်တက်ဆီစီးဖို့ပိုက်ဆံမရှိဘူး😭"

ပြောရင်းငိုချပါလေရော။

ကျင်းရီ " မငိုနဲ့ တိတ်တိတ် ကိုယ်လိုက်ပို့ပေးမယ်"

The CEO's Brave Girl Season (1) (Complete)Where stories live. Discover now