Zawgyi
part 56
ရှောင်ပိုင်က by byလို့ပြောပြီး ထွက်သွားဖို့ပြင်ပြီးမှ တစ်ခုခုကြိ သတိရသလိုပုံမျိုးနဲ့ ပြန့လှည့်ပြီးမေးလိုက်သည်။
ရှောင်ပိုင် " ဒါနဲ့ ကိုကြီးနာမည်ကဘာလဲ.."
ဂျွန်ဂူ " ဂျွန်ဂူလို့ပဲခေါ်ပါ ညီမလေး"
ရှောင်ပိုင် " ဖုန်းနံပါတ်ပါတစ်ခါထဲပေးခဲ့"
ဂျွန်ဂူ " ဖုန်းက ######ပါ"
ရှောင်ပိုင် " ဒါပဲ နော်"
ဆိုပြီး အိမ်တံခါးကိုဖွင့်ပြီး အထဲဝင်သွားလိုက်သည်။ အိမ်ထဲရောက်တာနဲ့ ဖိနပ်ကိုဖြစ်သလိုချွတ်ပြီး ဆိုဖာပေါ်မှာ အိပ်ချလိုက်သည်။ အိပ်ချလိုက်တယ်ဆိုတော့ ကောင်းကောင်းအိပ်နေတယ်မထင်နဲ့။ ခြေထောက်ကအပေါ်ရောက်နေပြီး ခေါင်းကအောက်ရောက်နေသည်။
~~~~ဂြီး~~~~~~~~
ဆိုပြီး ဗိုက်ထဲအသံလေးမြည်တဲ့ အချိန်၌ ရှောင်ပိုင်တစ်ယောက်ထလိုက်ပြီး ဗိုက်လေးကိုပွတ်လိုက်သည်။
ရှောင်ပိုင် " ဗိုက်ဆာလိုက်တာ။ မီးဖိုချောင်မှာ ဘာရှိလဲမသိ"
ဆိုပြီး မီးဖိုချောင်ထဲသွားပြီး ရေခဲသေတ္တာကို သွားဆွဲဖွင့်လိုက်သည်။
ရှောင်ပိုင် " ဗိုက်ဆာပြီးဆို ဘာမှလဲမရှိဘူး။ ဒီတိုင်းဆို သွားဝယ်စားရတော့မှာပဲ.......အဲ.....ငါမေ့နေတာ..... အလုပ်သွားရအုံးမယ်...နောက်ကျတော့မှာပဲ"
ဆိုပြီး အခန်းထဲပြေးပြီး အဝတ်ဗီရိုကိုဖွင့်လိုက်ပြီး အဝတ်တစ်ထည်ပြီးတစ်ထည် ဆွဲထုတ်နေသည်။ တစ်ထည်မှ စိတ်တိုင်းမကျ။
ရှောင်ပိုင် " ငါတကယ်လို့ အလုပ်သွားရင် လူကြီးငါ့ကိုဘာမှမလုပ်လောက်ပါဘူးနော် "
ရှောင်ပိုင်တစ်ယောက် ငုတ်တုတ်ရပ်ပြီးတွေးနေမိသည်။
ရှောင်ပိုင် " ဘာမှမလုပ်လောက်ပါဘူး"
ဆိုပြီး စိတ်တိုင်းကျလောက်တဲ့အဝတ်ကို ထုတ်ကာ
ရေချိုးခန်းထဲမှာ ရေမြန်မြန်သွားချိုးတော့သည်။ရှောင်ပိုင်ရေချိုး အဝတ်စားလဲအားလုံးပြင်ဆင်ပြီးတော့ အလုပ်သွားတော့သည်။
![](https://img.wattpad.com/cover/258153420-288-k961213.jpg)
DU LIEST GERADE
The CEO's Brave Girl Season (1) (Complete)
Romantiktime travel အမျိုးအစားလေးပါ။ အမှားပါရင် ခွင့်လွှတ်ပါ။ ချစ်သူရဲ့ သစ္စာဖောက်ချင်းကို ခံရပြီး time travel ဖြစ်လာတဲ့ ပိုင်ကျင်းကျင်း ။ မိထွေးနဲ့ညီမ က နိုပ်စက်မှုကြောင့် သေသွားတဲ့ ရှောင်ပိုင်ရဲ့ ခန္ဓာကိုယ်ထဲကို ရောက်လာပြီး ဘယ်လိုကလဲ့စားချေမလဲ အချစ်ရေးလေးကလဲ...