part 46

4.3K 262 16
                                    

Zawgyi

part 46

ဟန်ဖုန်းက ကလဲ့စားချေဖို့တွေးနေတဲ့အချိန် ကျစ်ဟန်က ဒုက္ခရောက်နေပါပြီး။

ဘာလို့ဆို ရှောင်ပိုင်က ကျစ်ဟန်ချီပြီး အပြင်ထွက်လာတာကို ကိုယ်ပေါ်က မရမက ဆင်းပြီး ဟန်ဖုန်းအခန်းကျော်ကျော်လေးမှာ ထိုင်နေသည်။

လူကြီး " baby ဘာလုပ်နေတာလဲ"

ရှောင်ပိုင် " ဟန်ဖုန်းကို ဘာရိုအော်ရာလဲ။"
#ဟန်ဖုန်းကို ဘာလို့အော်တာလဲ#

ရှောင်ပိုင်က ကြမ်းပြင်ပေါ်မှာ လက်ပိုက်ပြီး ထိုင်နေသည်။ ပါးစပ်ကလည်း ကျစ်ဟန်ကို မေးနေသည်။ ဘေးနားမှာ ဆိုဂျူးပုလင်းကိုချထားသည်။

လူကြီး " အဲ့ဒါbabyကို ဆိုဂျူးတိုက်လို့လေ"

ရှောင်ပိုင် " ငါဘာသာသောက်ရာလို့၊ အဲ့ဆိုဂျူးတွေက ငါဘာငါ မှာချားတာ။ သိရဲမသိပဲရဲ့"
#ငါဘာသာသောက်တာလို့၊ အဲ့ဆိုဂျူးတွေက ငါဘာသာငါမှာထားတာ။ သိလည်းမသိပဲနဲ့#

လူကြီး " ဟုတ်ပါပြီး။ babyလေးက လိမ္မာပါတယ်။
ထတော့နော်"

ရှောင်ပိုင် " ဘာလိမ္မာတာလဲ။ ငါကရေးမဟုတ်ဘူး"
#ဘာလိမ္မာတာလဲ။ ငါကလေးမဟုတ်ဘူး#

လူကြီး " အေးပါ။ ထ"

ရှောင်ပိုင်နဲ့ကြမှ ကျစ်ဟန်က ကလေးထိန်းကြီး ဖြစ်လို့။

ရှောင်ပိုင် " အဲ့ရာဆို ဟန်ဖုန်းကို မုန့်ဖို့ဖြတ်မလား"
#အဲ့ဒါဆို ဟန်ဖုန်းကို မုန့်ဖိုးဖြတ်မှာလား#

ဟန်ဖုန်းက ဆူညံသံတွေကြားတာကြောင့် အပြင်ထွက်ကြည့်သောအခါ ရီမိတော့သည်။ မရီလို့ရမလား။ ကိုကြီးက ခုမှကလေးထိန်းဖြစ်နေသည်။ ဟန်ဖုန်းကိုမွေးတုန်းကဆို ထိန်းဖို့နေနေသာသာ တစ်ခါတစ်လေမှထိတာ။ မချစ်တာတော့ မဟုတ်ပါဘူး။ ချစ်ပေမဲ့ အလိုမလိုက်တာ။ အမြဲတမ်းအနောက်ကနေ ကာကွယ်စောင့်ရှောက်တာ။

ဟန်ဖုန်းရီတာကို ကျစ်ဟန်တို့မကြားပါ။ အခန်းနဲ့နည်းနည်းဝေးနေတာကြောင့်ပင်။ ဟန်ဖုန်းဖြေးဖြေးချင်းဆီ ရှောင်ပိုင်တို့စကားပြောတာ ကြားတဲ့အထိကပ်လာသည်။ သူလာတာကို သတိမထားမိကြပါ။ ဟန်ဖုန်း ရှောင်ပိုင်ပြောတာနားထောင်ပြီးနောက် ရှောင်ပိုင်ကိုအရမ်းချစ်သွားရသည်။ ကလဲ့စားချေမဲ့အစီအစဉ်လေးပျက်သွားရသည်။

The CEO's Brave Girl Season (1) (Complete)Where stories live. Discover now