part 57

3.2K 192 21
                                    

Zawgyi




part 57

ရှောင်ပိုင်အလုပ်ရောက်တော့ ကျစ်ဟန်ကမရောက်သေးပေ။ သက်ပြင်းချလိုက်ပြီး နေရာထိုင်ခုံမှာဝင်ထိုင်လိုက်သည်။

ရှောင်ပိုင် " ဟူး.......တော်သေးတယ်။ လူကြီးမလာသေးလို့။ နောက်မဟုတ်ရင် ငါလေးရှက်သေပါ..........."

ပြောလို့တောင်မဆုံးသေး။ မိန်းကလေး နှစ်ယောက်ပြေးဝင်လာပြီး ပြောတဲ့စကားကြောင့် ရှောင်ပိုင်ခမျာ....... လန့်သွားရသည်။ သူတို့ပြောနေတာက.......................

"Bossလာပြီး....... "

ဆိုပြီး မိတ်ကပ်လိမ်းတဲ့လူကလိမ်း၊ နှခမ်းနီဆိုးတဲ့လူကဆိုးနေကြတယ်။
ရှောင်ပိုင်ကတော့ စာအုပ်လေးနဲ့ ကာထားလိုက်သည်။

မကြာခင် အခန်းထဲ၌ မိန်းကလေးများရဲ့ ရုံပတေသီးအသံများကြောင့် ကျစ်ဟန်လာကြောင်းသိလိုက်ရသည်။

အားလုံး(ရှောင်ပိုင်ကလွှဲ၍) " Boss မင်္ဂလာပါ "

ကျစ်ဟန်က သူ့ကိုနှုတ်ဆက်နေတဲ့ သူတွေကို ဂရုမစိုက်ပဲနဲ့ စာအုပ်နဲ့ကာထားတဲ့ ရှောင်ပိုင်နေရာသို့ ကြည်နူးစွာ ကြည့်နေသည်။

လူကြီး "@ဟက်.......ကလေးလိုပဲ။..... ခုတော့ လွှတ်ထားလိုက်မယ်။ နောက်တစ်ခါဆို လွှတ်မယ်မထင်နဲ့@"

လို့စိတ်ထဲမှာ တွေးလိုက်ပြီး ခြေထောက်များရဲ့ ဦးတည်ရာက ရုံးခန်းဘက်သို့.......,. ....




ကျစ်ဟန်ထွက်သွားတာနဲ့ ရှောင်ပိုင်တစ်ယောက် စာအုပ်ကာထားတာကို ပြန်ချလိုက်သည်။ ဂရုစိုက်မခံရတဲ့မိန်ကလေး တစ်ဖွဲ့ကတော့ ရှောင်ပိုင်ကို မီးတစ်ဝင်းဝင်းမျက်လုံးနဲ့ ကြည့်နေလေသည်။
ရှောင်ပိုင်လဲ ဂုဏ်ဆာနေတဲ့ရုပ်နဲ့ ပြန်ပြောင်ပြလိုက်သည်။ သူတို့ကတော့ သူနေရာမှာပြန်သွားထိုင်နေကြလေရဲ့။ သေချာတာကတော့ ရှောင်ပိုင်ကို စိတ်တိုနေကြမည်။ ကျစ်ဟန်သာရှောင်ပိုင်ဘက်က မရှိရင် ဆွဲဖြဲပြစ်ကြလိမ့်မည်။

ရှောင်ပိုင် " အား.......ဗိုက်ဆာလိုက်တာ"

လို့ရှောင်ပိုင် ညီးလိုက်သည်။

ရှောင်ပိုင် " ဒါနဲ့ သူများတွေကျ အလုပ်ကိုယ်စီနဲ့ ငါကိုကျတော့ ဘာလို့ ဘာမှမခိုင်းတာလဲ..,. ....? "

The CEO's Brave Girl Season (1) (Complete)Where stories live. Discover now