part 63

2.9K 184 4
                                    

Zawgyi




part 63

ရှောင်ပိုင် တက်ဆီတစ်စီးမှာမတွေ့တာကြောင့် ဘာလုပ်ရမလဲလို့ ကြံနေတုန်း အနောက် ခေါ်သံကြားလိုက်ရသည်။ (လူကြီးလို့ထင်နေတာလား)

ကျင်းရီ " သခင်မလေး"

ရှောင်ပိုင် " အော် ကျင်းရီ "

ကျင်းရီ " ဟို......သခင်...."

ရှောင်ပိုင် " လိုက်ပို့ပေး။ တက်ဆီတစ်စီးမှ မရှိတော့ဘူး"

ပြောပြီးတာနဲ့ ကားပေါ်ပြေးတက်လိုက်သည်။

ကျင်းရီ " သခင်မလေးရယ် ဘာလို့ပြေးတက်တာလဲ ပြုတ်ကျနေအုံးမယ်"
@အပေါ်မှာ bossကြည့်နေတဲ့ဟာ။ ပြုတ်ကျရင် ငါပဲပြောခံထိမှာ@

ရှောင်ပိုင် " နင်လိုက်မပို့ပေးမှာစိုးလို့"

ကျင်းရီ " ကျွန်တော်လဲ ပို့ပေးမို့ပဲဆင်းလာတာပါ"

ရှောင်ပိုင် " ဟုတ်လား။ ကျေးဇူး"



လမ်းတစ်လျှောက်လုံး စကားမပြောပဲလာခဲ့ကြသည်။ ကိုယ်အာရုံနဲ့ကိုယ်ပေါ့။

ရှောင်ပိုင် "@ ဟန်ဖုန်းနဲ့ဂျွန်ဂူကို ဘယ်လိုဆက်ပေးရမလဲ။ ဂျွန်ဂူနဲ့အစီအစဉ်ဆွဲထားရမယ်@"

ရှောင်ပိုင်က ဂျွန်ဂူနဲ့အစီစဉ်ဆွဲရင်း စားဖို့မုန့်ဝယ်မို့သတိရသည်။

ရှောင်ပိုင် " ကျင်းရီ စတိုးဆိုင်တစ်ခုသွားပေး။ မုန့်ဝယ်ရမယ်"

ကျင်းရီ " ဟုတ်သခင်မလေး"

ကျင်းရီကလည်း အနီးအနားမှာ ရှိတဲ့ စတိုးဆိုင်မှာရပ်ပေးလိုက်သည်။ ရှောင်ပိုင်လည်း ကားပေါ်ကဆင်းကာ စတိုးဆိုင်ထဲသို့ဝင်သွားလိုက်သည်။

စတိုးဆိုင်မှာက မုန့်အတန်းလေးတွေရယ်၊ ရေခဲသေတ္တာသုံးလုံးရယ်နဲ့ ဆိုဂျူးပုလင်းတွေက သရေယိုစရာ။ ဒါပေမဲ့ ကောင်းကျိုးမပေးဘူးဆိုပြီး ဘယ်တော့မှာ မသောက်ဘူးလို့ကျိန်ထားတဲ့ ရှောင်ပိုင်အဖို့ ရင်နာစရာ။ ဆိုင်ထဲမှာ မာမားဘူးလေးတွေ အစီအရီတန်းစီထားပြီး စားပွဲခုံလေးတွေထားထားသည်။ ထိုစားပွဲခုံပေါ်မှာ လူတစ်ယောက်ထိုင်နေသည်။ ရှောင်ပိုင်ကို ကျေားပေးပြီး ထိုင်နေတာကြောင့် မတွေ့ရ။ ဘေးနားမှာလဲဆိုဂျူးပုလင်းတွေနဲ့ မားမားဘူးတစ်ဘူးက မောက်လျက်သားရှိနေသည်။ အဲ့လူကလည်းတော်တော်မူးနေပုံ။
သူ့နောက်ကျောကိုကြည့်ရတာ ရင်းနှီးနေပုံ။

The CEO's Brave Girl Season (1) (Complete)Where stories live. Discover now