part 64

2.9K 190 8
                                    

Zawgyi



part 64

ကျင်းရီက ကားစမောင်းတော့ ရှောင်ပိုင်က ရှေ့ခန်းကို ခေါင်းလေးပြူးပြီးတော့ ကျောက်ဖုန်းကို မေးလိုက်သည်။

ရှောင်ပိုင် " ကျောက်ဖုန်း နင်ဘာဖြစ်တာလဲ"

(ငိုသံနဲ အရက်မူးနေသံဖြင့်ဖတ်ရန်)

ကျောက်ဖုန်း " ငါ .......ငါလေ... ,.....ဟင့်..... အရမ်းကံချိုးတာပဲသိရား...........ဟီး... ဒီနေ့ ငါနင့်ကို ပါဆယ်ထုတ်ပို့ပေးပြီးရော့ ....အင့်...,ငါပြန်ချင်းရာတာ။.. ,... အရုပ်ကပေးရဲ.....ဟင့်..... ဆိုင်ကယ်ပျောက်သွားရယ်"
#ငါ.....ငါလေ အရမ်းကံဆိုးတယ် သိလား။ ဒီနေ့ ငါနင့်ကို ပါဆယ်ထုတ်ပို့ပေးပြီးတော့ ငါပြန်ဆင်းလာတာ။ အလုပ်ကပေးတဲ့ ဆိုင်ကယ်ပျောက်သွားတယ်#

ကျောက်ဖုန်းက ကားကိုမှီပြီး မျက်ရည်တွေနဲ့ပြောလာသည်။ ကျောက်ဖုန်းက ငိုသံလေးနဲ့ ဆက်ပြောလာသည်။

ကျောက်ဖုန်း " အဲ့ဒါ ကောကျင်းရီပို့ပေးရယ် "
#အဲ့ဒါ ကောကျင်းရီပို့ပေးတယ်#

ရှောင်ပိုင် " ဘယ်လို .......ကျင်းရီကပို့ပေးတယ်"
@သူတို့နှစ်ယောက်က ငါမပေးစားချင်ထဲက ညားတော့မှာကိုး။ မပူနဲ့ ငါက ငါသူငယ်ချင်းလေး လင်ကောင်းသားကောင်းရအောင် ငါကိုယ်တိုင်အရောက်ပို့ပေးမယ်@

ကျောက်ဖုန်း " ဟုတ်ရယ်.........။ အလုပ်ရောက်တော့ သူဠေးက ဆိုင်ကယ်ပျောက်လို့ဆိုရီးဆူရဲဆူရယ်။ ပြီးရော့ အလုပ်လဲ ထုတ်လိုက်တယ် အီးဟီး......"
#ဟုတ်တယ်။ အလုပ်ရောက်တော့ သူဠေးက ဆိုင်ကယ်ပျောက်လို့ဆိုပြီး ဆူလည်း ဆူတယ်။ ပြီးတော့ အလုပ်လဲထုတ်လိုက်တယ်။...။အီးဟီး..#

ကျင်းရီမှာ ကျောက်ဖုန်းကိုလှည့်ကြည့်ပြီး ပြန်လှည့်သွားသည်။ ရှောင်ပိုင်က ကျောက်ဖုန်းရဲ့ မျက်ရည်တွေကို အနောက်ကနေ လှမ်းသုတ်ပေးသည်။ ကျောက်ဖုန်းက ပိုတောင်ငိုလာသည်။

ကျင်းရီ "@ ဒီကလေးဘယ်လိုတောင်ငိုနေတာလဲ။
ဒီကလေးငိုနေတာက မိန်းကလေးတွေထက်ချစ်ဖို့ကောင်းနေတယ်@"

ကျောက်ဖုန်းက ငိုနေပြီး ဘာမှမပြောတော့ပေ။
ခနနေတော့ သိပ်သွားသည်။

The CEO's Brave Girl Season (1) (Complete)حيث تعيش القصص. اكتشف الآن