part 29

4.9K 312 1
                                    

Zawgyi

Part 29

"ဟွန့် အဲ့ကောင်မက ရုံးချိန်ထက်နောက်ကျမှလည်းလာသေး။ ယောက်ျားတွေကိုလည်းမြူဆွယ်တယ်။ "

"အေလေး သူကိုယ်သူဘာထင်နေလဲမသိဘူး"

ရှောင်ပိုင် "အော် တစ်ချို့လူတွေများသနားစရာပါလား။ အတိုအပျက်တွေဝတ်ပြီး သူများစိတ်ဝင်စားခံချင်ပေမဲ့ သူများတွေ စိတ်မဝင်စားတော့ တစ်ခြားသူကို မနာလိုကြဘူး။ သနားစရာလေးတွေ။"

ရှောင်မိန့် "နင်ဘာပြောတယ်"

ရှောင်ပိုင် "မကြားဘူးလား။ နားမကောင်းလို့လား။ "

ရှောင်မိန့် " နင်......နင်ငါတို့ကိုဘာလို့ပြောတလဲ။ ငါတို့ဘာသာ အတိုပဲဝတ်ဝတ် အပျက်ပဲ ဝတ်ဝတ် နင့်စောက်ပူပါလား"

ရှောင်ပိုင် "ဒီကအဒေါ်ကြီးတကယ်ပဲနားမကောင်းဘူးထင်တယ်။ ညီမပြောတာ နာမည်မပါဘူးလေ။ အဒေါ်ကြီးဘာသာအဒေါ်ကြီး ထင်နေတာ။"

ရှောင်မိန့် "နင်ငါတို့ကိုအရွဲ့ပြောမှန်းလူတိုင်း သိတယ် "

ရှောင်ပိုင် "သိရင် အဒေါ်ကြီးက ဘာလို့မေးနေသေးလဲ။ "

ရှောင်မိန့် "နင်ကများငါ့ကိုပြောရဲတယ်။ ငါဘယ်သူလဲနင်သိလား။"

ရှောင်ပိုင် "အို ဘယ်သူမ်ားလဲ ကြောက်စရာကြီး "

ရှောင်ပိုင်အရွဲ့တိုက်ပြီး ပြောလိုက်သည်။

ရှောင်မိန့် "အဲလိုပဲကြောက်ရမှာပေါ့  ဒီဌာနရဲ့ဌာနမှူးက ငါ့ကိုကြိုက်နေတာ။
ငါပြောတာ သူအကုန်လုပ်ပေးတယ်။ တကယ်လို့ နင်ငါ့ကိုအဲ့လိုပြောတယ်ဆိုတာသိသွားရင် နင်ကိုဘယ်လိုလုပ်လဲဆိုတာ မေတြးရဲစရာပဲ။ "

ရှောင်ပိုင် "အော် သိပ်ကြောက်ဖို့ကောင်းတာပဲ။ ဒါနဲ့အဲ့ဌာနမှူးက မျက်လုံးမှကောင်းရဲ့လား။ ဘာကြည့်ပြီးကြိုက်တာလဲမသိ။ အေလေ နားကန်းနဲ့ မျက်ကန်းလိုက်လည်း လိုက်ပါတယ်။"

ရှောင်မိန့် "နင်........ကြည့်ထားဌာနမှူးကို သွားပြောပြမယ်။ ပြီးတော့ ငါနဲ့ ဌာနမှူးကမလိုက်ဘူး။ ငါနဲ့တန်တဲ့ယောက်ျားက Boss တစ်ယောက်ပဲရှိတယ်"

ပြောပြီးထွက်သွားတဲ့ ရှောင်မိန်.။

The CEO's Brave Girl Season (1) (Complete)Nơi câu chuyện tồn tại. Hãy khám phá bây giờ