part 25

5.2K 341 4
                                    

Zawgyi

part 25

ဆရာဝန္က ရှောင်ပိုင်ကို စမ်းသက်ပြီးတော့

ဆရာဝန် ''မိုးရေထဲမှာ ကြာကြာနေမိလို့ မေ့လဲသွားတာ။ ကိုယ်နည်းနည်းပူနေတယ်။''

ကျစ်ဟန် ''emm''

ဆရာဝန် ''ဒီဆေးတိုက်က အစာစားပြီးမှတိုက်။ ညကျရင်အဖျားတက်လိမ့်မယ်။ အပျင်းဖျားမှာဆိုတော့ တော်တော်ကြာမှနိုးလာလိမ့်မယ်။ စိုးရိမ်စရာတော့မရှိတော့ပါဘူး။''

ကျစ်ဟန် ''သွားလို့ရပြီး''

ဆရာဝန်''ဟုတ်ကဲ့''

တခြားသူတွေဆို ဆရာဝန်ကိုလိုက်ပို့ခိုင်းလိမ့်မည်။
ဒါပေမဲ့ ကျစ်ဟန်က တခြားသူမဟုတ်။ ဆရာဝန်လဲ အထွတ်မတက်ရဲပါ။ နောက်မဟုတ်ရင် ခေါင်းပြုတ်မှာကိုး။

ဆရာဝန်ပြန်တော့ ဟန်ဖုန်းက

ဟန်ဖုန်း ''ကိုကြီး ညီမလေးနေခဲ့ပေးရမလား။ ညကျရင် အဖျားတက်ရင် ကူညီပေးလို့ရတာပေါ့။''

ကျစ်ဟန် ''မလိုဘူး''

ဟန်ဖုန်း ''ကိုကြီးကလည်း..,. ....ပြီးရော''

ဟန်ဖုန်း pappy eyeနဲ့ ချွဲပြပေမဲ့ ကိုကြီးရေခဲတုံးအပေါ်မတက်ရောက်။ နောက်တော့လဲ ပြီးရောလို့ပြောလိုက်ရတာပဲ။

ကျစ်ဟန်က ကုတင်ပေါ်မှာ အိပ်နေတဲ့ ရှောင်ပိုင်နားဆီသွားပြီး ရှောင်ပိုင်ဘေးနားမှာ လဲချလိုက်သည်။ ပြီးနောက် ရှောင်ပိုင်ကို ရင်ခွင်ထဲဖက်ထားလိုက်သည်။

ညသန်းခေါင်အချိန်မှာ ရှောင်ပိုင်ရဲ့
~ချမ်းတယ်~ဆိုတဲ့ ညီးသံကြောင့် ကျစ်ဟန်နိုးလာခဲ့သည်။ ရင်ခွင်ထဲက babyလေးရဲ့ နဖူးလေးကို လက်ဖြင့်စမ်းလိုက်တယ်။ ဆရာဝန်ပြောတဲ့အတိုင်းအဖျားက အရမ်းပြင်းတယ်။ ဒါနဲ့ ရေချိုးခန်းထဲကနေ ရေဇလုံတစ်လုံးနဲ့ အဝတ်တစ်ထည်ယူပြီး ရှောင်ပိုင်ကိုရေဘက်တိုက်ပေးလိုက်သည်။ ကိုယ်ပူရှိန်နည်းနည်းကြသွားတော့ ရှောင်ပိုင်ကိုဖက်ပြီးပြန်အိပ်လိုက်သည်။



ရှောင်ပိုင်နိုးလာတော့ သူဘေးမှာ သူကိုစိုက်ကြည့်နေတဲ့ မိန်းကလေးကိုမြင်လိုက်ရတယ်။

The CEO's Brave Girl Season (1) (Complete)Where stories live. Discover now