Happy New Year 🎆🎇

619 23 2
                                    

Zawgyi



The CEO's Brave Girl Season 2

Happy new year

မနက်စောစောနိုးလာတော့ ဘေးနားမှ လူကြီးကို မတွေ့။ ဒါကြောင့် သူရေချိုးခန်းမှာရှာကြည့်သည်။ မတွေ့ပါ။ ရေချိုးခန်းထဲဝင်တော့ အေးစိတ်မှုကြောင့် တုန်သွားသည်။

ကျင်းကျင်း " တော်ပြီး ဒီနေ့တော့ရေမချိုးတော့ဘူး "

မနက်ခင်းမှာ လူကြီးကိုမတွေ့တော့  ကျင်းကျင်းစိတ်မကြည်ချင်တော့။ ဒီသေနာကြီး ဘယ်တွေသွားနေလဲမသိ။

အောက်ထပ်မှာထင်၍ အောက်ထပ်သို့ဆင်းလာခဲ့သည်။ ဒီနေ့တော်တော်အေးတာပဲ။ သူဝတ်ထားသည်က လူကြီးရဲ့ T-shirt အကြီးကြီးပင်။ မနေ့ညက လူကြီးကိုယ်တိုင်ဝတ်ထားပေးတာထင်တယ်။ ကျင်းကျင်းတစ်ကိုယ်လုံးမှာ မနေ့ညကတေလူကြီးပေးထားတဲ့အချစ်ရာတွေ အပြည့်။ ကျင်းကျင်းက အောက်ပိုင်းအတိုဝတ်ထားသည်မို့ အရမ်းအေးနေသည်။

ကျင်းကျင်း " ဒီမသာလူကြီး ဘာတွေလုပ်နေလဲမသိဘူး "

ကျင်းကျင်းက လူကြီးအားရှာရန် ဧည့်ခန်းထဲသို့ထွက်လာခဲ့သည်။ ဆိုဖာပေါ်မှာထိုင်နေတဲ့ လူကြီးက ဘာတွေလုပ်နေမှန်းမသိ။ ကျင်းကျင်းသေချာကြည့်လိုက်တော့ သိုးမွှေးလုံးတစ်လုံး အဝါရောင်လေး။ နေပါအုံး....ဒီလူကြီး သိုးမွှေးထိုးနေတာလား။ လူကြီးက ခြေအိတ်ထိုးနေတာထင်တယ်။ မသေသပ်ပေမဲ့ ခြေအိတ်မှန်းတော့ သိသာသေးပါသည်။

လူကြီး သိုးမွှေးထိုးတာကိုမြင်တော့ လူကြီးက အိမ်ရှင်မတစ်ယောက်လိုပင်။ ကျင်းကျင်းက လူကြီးကို စချင်သွားသည်။ လူကြီးက သူစားဖို့ဘာတို့ကိုဆို အမြဲ လုပ်ပေးသည်။ ခုသိုးမွှေးထိုးနေတာဆိုတော့ ပိုပြီး အိမ်ရှင်မနဲ့တူသွားသည်။

ကျင်းကျင်း " လူကြီး အိမ်ရှင်မလေး ဘာတွေထိုးနေတာလဲ "

လူကြီးက သူ့ကိုမြင်တော့ အပြုံးကလေးတစ်ချက်ပေးပြီး သိုးမွှေးထိုးတာကို အပြင်းအထန်ကြိုးစားနေဆဲပင်။

ကျင်းကျင်းက လူကြီးနားကိုသွားတော့ လူကြီးက ကျင်းကျင်းကို ရင်ခွင်ထဲထည့်ပြီး နွေးထွေးစေသည်။ သို့သော်လူကြီးက ခြေအိတ်ထိုးနေဆဲပင်။

The CEO's Brave Girl Season (1) (Complete)Where stories live. Discover now