part 15

6.4K 417 0
                                    

Zawgyi

part 15

ကျင်းရီ ထွက်သွားတော့ ကျစ်ဟန်ရဲ့ စဉ်းစားခန်းစလိုက်သည်။

ဒီနေ့မနက် ကျစ်ဟန်ကျောင်းအုပ်ကြီးနဲ့ ဆွေးနွေးပြီး ထွက်လာခဲ့သည်။ လမ်းမှာ ကြောင်ရိုင်းမလေးကို တွေ့လိုက်သည်။ ကြောင်ရိုင်းမလေးက အားနည်းနေပုံ။ သူ့မသူငယ်ချင်းနဲ့ စကားတွေပြောနေတာ။ သူမလမ်းလျှောက်တာတဖြည်းဖြည်းနှေးလာပြီး ကျစ်ဟန်နဲ့နီး လာသည်။ သူကအရှေ့ကို
ကြည့်နေပေမယ့် အာရုံမရှိတဲ့အတွက် ကျစ်ဟန်နဲ့ တိုက်မိခဲ့တယ်။ သူနဲ့တိုက်မိပြီး ကျစ်ဟန်ဖက်ထားလိုက်တယ်။ မလှုပ်လာတဲ့အတွက် သူမကိုကြည့်လိုက်တော့ သူ့ရင်ခွင်ထဲမှာ မေ့လဲနေတယ်တဲ့လေ။ ကျစ်ဟန်လဲ စိတ်ပူသွားပြီး ပွေ့ချီပြီး ဆေးရုံသို့ ခေါ်လာခဲ့သည်။ ဆရာဝန်ပြောတာက သူမပင်ပန်းထားလို့ အားနည်းနေတာလဲ။ အဓိပ္ပါယ်က သူညကလုပ်ထားတဲ့အရှိန်နဲ့ ပင်ပန်းနေတာပေါ့။ ကျစ်ဟန်လည်း ရှောင်ပိုင်ကို ရှောင်ပိုင်ရဲ့ သူငယ်ချင်းနဲ့ထားခဲ့ပြီး မုန့်တွေပါဝယ်ပေးခဲ့သေးသည်။

♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥©

ဒီမနက်ရှောင်ပိုင်တို့ ဆေးရုံဆင်းကြမည်။
ဆေးရုံမဆင်းခင် မနက်စာစားမို့ ကျောက်ဖုန်းမနက်စာဝယ်မို့ အပြင်ထွက်သွားခဲ့သည်။ကျောက်ဖုန်း ထွက်သွားပြီးမကြာခင် ကျောက်ဖုန်းပြန်လာခဲ့သည်။ ကျောက်ဖုန်းနောက်မှာ ကျင်းရီက အထုတ်တွေနဲ ပါလာသည်။

ရှောင်ပိုင် ''ကျောက်ဖုန်း မနက်စာသွားဝယ်တာမဟုတ်ဘူးလား။ ငါဗိုက်ဆာနေပြီး။''

ကျောက်ဖုန်း ''ငါသွားဝယ်တုန်း လမ်းမှာ ကျင်းရီနဲ့တွေ့တယ်။ ကျင်းရီကပြောတယ်။ သူတို့သခင်က ငါတို့အတွက်မနက်စာဝယ်လာပေးခိုင်းတယ်လို့ပြောတယ်''

ရှောင်ပိုင် ''ဟုတ်လား။ ငါဗိုက်ဆာနေပြီး မြန်မြန်ပေး''

ကျောက်ဖုန်း ''အငတ်မကတော့ကျွေးပါ့မယ်ဟယ်။ နင့်အတွက်ဝယ်ခဲ့တဲ့ဟာ''

ရှောင်ပိုင် ''ငါအတွက်ဘာဝယ်ခဲ့တာလဲ။''

ကျောက်ဖုန်း ''နင်အတွက်က.....စွပ်ပြုတ်''

The CEO's Brave Girl Season (1) (Complete)Where stories live. Discover now