part 65

2.8K 169 7
                                    

Zawgyi



part 65

ကျင်းရီက ရှောင်ပိုင်ကို ကွန်ဒိုပေါ်မှာ ချပေးပြီး အိမ်ပြန်ဖို့ ကားစမောင်းလိုက်တယ်။ လမ်းတစ်ဝက်လောက်ရောက်တော့ မီးနီစောင့်နေရတယ်။

မီးနီစောင့်ရင်း ဘေးနားက ကောင်လေးကို ကြည့်မိသည်။

ကျင်းရီ "@အသက်ငယ်ငယ်လေးနဲ့ အရမ်းပင်ပန်းနေရှာမှာပဲ@"

ကျင်းရီက ကြည့်နေတုန်း ကျောက်ဖုန်း က မျက်လုံးဖွင့်လာပြီး ကျင်းရီဘက်ကိုကြည့်လာသည်။ ပြီးတာနဲ့ သွားဆွယ်လေးတွေပေါ်တဲ့အထိရီပြလာသည်။

ကျင်းရီ " @ ဒီကလေးက ဒီလောက်လှစရာလိုလို့လား@"

ကျင်းရီက သူ့မျက်နှာနီနေတာကို သတိမထားမိ။ အရှေ့ကိုသာ လှည့်ထားလိုက်သည်။ ဒါပေမဲ့ ကျောက်ဖုန်းရဲ့ စကားတစ်ခွန်းကြောင့် ကြောင်ကြည့်နေမိသည်။

မီးစိမ်းသွားပြီး အနောက်က ကားတွေ ဟွန်းတီးလာမှ ကျင်းရီလည်း ကြောင်နေရာမှ ပြန်သတိရလာပြီး ကားကို မြန်မြန် မောင်းလိုက်သည်။

ကျောက်ဖုန်းဘာပြောလိုက်လဲဆိုတော့............

ကျောက်ဖုန်း " ကိုကို(or)ကောကော
တဲ့လေ။

(ဘယ်ဟာရေးရမလဲ ပြောသွားအုန်း ကောကောလား ကိုကိုလား။ လောလောဆယ် ကောကောလို့သုံးမယ်)

ကျောက်ဖုန်းက အမူးမပြေသေးပဲ ကားထဲက ခလုတ်တွေကို လိုက် ကလိနေသည်။ သီချင်းသံဖွင့်ပြီး အတိုအလျော့လုပ်နေသဖြင့် ကျင်းရီမှာ ကားကောင်းကောင်းမမောင်းရ။

ကားကောင်းကောင်းမမောင်းရတာကြောင့် ကားကို လမ်းဘေးခနရပ်လိုက်သည်။ ထိုင်ပြီး ကလိနေတဲ့ ကျောက်ဖုန်းက မျက်လုံးကလယ်ကလယ်နဲ့
ကြည့်လာသည်။

ကျင်းရီ " ဘာလို့ဒီလောက်ဆိုးနေတာလဲ "

ကျောက်ဖုန်း " ခစ်ခစ်ခစ် "

ကျောက်ဖုန်းက ရီပြီးတော့ ကားခလုတ်တွေကို တစ်ခုမကျန်အကုန်ပြန်နိုပ်ပြီး ကျင်းရီကို ပြန်ကြည့်တာကြောင့် ကျင်းရီကနားမလည်တော့ပေ။

The CEO's Brave Girl Season (1) (Complete)Where stories live. Discover now