part 95

2.2K 160 36
                                    

Zawgyi



part 95


ရှောင်ပိုင်က ကျစ်ဟန်စားခွင့်ပြုတော့ ဟင်းတွေကိက ထည့်စားလိုက်သည်။ စားနေရင်း စားပွဲပေါ် မျက်စိကစားကြည့်တော့ ကျစ်ဟန်က အရိုးနွာနေတာကိုတွေ့သည်။

ရှောင်ပိုင် " ငါးကင် !!"

ပျော်ရွင်တဲ့အသံနဲ့ ပြောမိသွားသည်။ ထိုခါ ကျစ်ဟန်က ပြန်ပြောလိုက်သည်။

ကျစ်ဟန် " ဟုတ်တယ်လေ baby စားမယ်ဆိုလို့ "

ကျစ်ဟန်က အရိုးနွာပြီးသား ငါးအသားတွေကို ရှောင်ပိုင်ကို ခွံကျွေးလိုက်သည်။ ရှောင်ပိုင်က တမြုံမြုံဝါးပြီး ပါးစပ်ထဲ အစာတွေထိုးထည့်နေသည်။

ကျစ်ဟန် " စားကောင်းလား "

ရှောင်ပိုင် " အရမ်းစားကောင်းတယ် "

ကျစ်ဟန်က ပြုံးရင်း ငါးအရိုးတွေကို နွာပြီး ပန်းကန်လုံးထဲ ထည့်လိုက်ပြီး ရှောင်ပိုင်ကို ပေးသည်။ ရှောင်ပိုင်ကလည်း တွေ့သမျှစားနေသည်။

ကျစ်ဟန် " နင်မယ် "

ဆိုပြီး ရေခွက်ပေးလိုက်သည်။ ရှောင်ပိုင်က ရေသောက်လိုက် စားလိုက်နဲ့ ဗိုက်လေးတင်းကားသွားသည်။ စားချင်တာစားပြီး စိတ်ပျော်နေတဲ့ အချိန်မှာ ဗိုက်ကပြန်နာလာပါလေရော။

ကျစ်ဟန် " ဗိုက်ပြန်နာလာပြီးလား "

ရှောင်ပိုင် " အွန်း..."

ကျစ်ဟန် " ရေနွေးအိတ်ကပ်ထား ရော့ အားရှိအောင် နို့သောက် "

ရှောင်ပိုင်လည်း သောက်လိုက်သည်။ ရှောင်ပိုင်ကို တီဗီပေးကြည့်ထားပြီး ပြောလိုက်သည်။

ကျစ်ဟန် " ကိုယ် အလုပ်သွားလုပ်လိုက်အုံးမယ် "

ရှောင်ပိုင် " ဘယ်မှာ သွားလုပ်မှာလဲ "

ကျစ်ဟန် " စာကြည့်ခန်း "

ရှောင်ပိုင် " babyလဲ လိုက်မယ် "

ကျစ်ဟန်က ရှောင်ပိုင်လိုက်မယ်ပြောတော့ ရှောင်ပိုင်ကိုပွေ့ချီလိုက်သည်။ ဒီတစ်ခါတော့ ရှောင်ပိုင်မငြင်းတော့ပါ။ လမ်းမှ မလျှောက်နိုင်တာကိုး။
ကျစ်ဟန်က ရှောင်ပိုင်ကို ချီပြီး စာကြည့်ခန်းသို့ သွားနေပြီး ပြောလိုက်သည်။

The CEO's Brave Girl Season (1) (Complete)Where stories live. Discover now