part 66

2.8K 171 23
                                    

Zawgyi part 66

ကျင်းရီက ခြံရှေ့ရောက်တော့ ကားဟွန်းတီးလိုက်သည်။ အထဲက ခြံစောင့်ထွက်လာပြီး တံခါးလာဖွင့်ပေးသည်။

(ရှင်းလင်းချက်- ကျင်းရီက ချမ်းသာပါတယ်။ မိဘတွေကဆုံးသွားတော့ ကျင်းရီတို့ မိသားစုရှေ့နေက ကျင်းရီမိဘ သူငယ်ချင်းဖြစ်တဲ့ ကျစ်ဟန်တို့အဖေအိမ်မှာ ထားခဲ့တာပါ။ ကျင်းရီအရွယ်ရောက်လာတော့ မိသားစုရှေ့နေက ကျင်းရီကို အမွေတွေပေးခဲ့ပါတယ်။ ဒါပေမဲ့ ကျင်းရီက သူ့အသက်သခင်ဖြစ်တဲ့ ကျစ်ဟန်ဆီမှာပဲ အလုပ်လုပ်နေခဲ့တာပါ။
ဘာအလုပ်လဲဆိုတော့ YZဂိုဏ်းချုပ်ကို ထိန်းချုပ်ပေးတာပါ။ နောက်တစ်ခုက ကျစ်ဟန်ရဲ့ အတွင်းရေးကိစ္စတွေကအစ လုပ်ပေးရတာပါ။
ကျစ်ဟန်က ကျင်းရီကိုငယ်ငယ်ထဲက ကယ်ခဲ့ဖူးတာကြောင့် ကျင်းရီက ကျင်းရီအလုပ်တွေပဲလုပ်ပေးနေတာပါ။ ရှင်းကြလား။ မရှင်းမေးခဲ့နော်။)

ခြံစောင့်တံခါးဖွင့်ပေးတော့ ကျင်းရီက ကားကိုခြံထဲမောင်းလာပြီး ကားစက်ရပ်လိုက်သည်။
ကျင်းရီကားတံခါးပြီး တစ်ဖက်ကတံခါးကို သွားဖွင့်ပေးလိုက်သည်။ ပြီးတာနဲ့ ကျောက်ဖုန်းကို ချီထားတဲ့ ခါးပတ်ကို ပြန်ဖြည်ပေးလိုက်သည်။

ကျင်းရီ " ဆင်းလာခဲ့"

ကျင်းရီက ပြောလိုက်တော့ ကျောက်ဖုန်းက ဆင်းလာပေမဲ့ ပြန်ပြုတ်ကျသွားသည်။

ကျောက်ဖုန်း " ကောကော....... သွားလို့မရတော့ဘူး။ ခြေထောက်နာရယ်.....အီးဟီး"

ကျင်းရီက ကျောက်ဖုန်းပြောလို့ ခြေထောက်ကိုငုတ်ကြည့်လိုက်တော့ သွေးတွေထက်ထွက်လာသည်။

ကျင်းရီ " အရမ်းနာနေလား"

ကျောက်ဖုန်း " များကြီး နာတယ်"

ကျင်းရီက ကျောက်ဖုန်းကို ပွေ့ချီပြီး အိမ်ထဲဝင်လာသည်။ ရင်ခွက်ထဲကကောင်လေးက ကျင်းရီကို မျက်တောင်မခတ်ကြည့်နေလေရဲ့။

ကျင်းရီ အိမ်ထဲဝင်လာတော့ အစေထံလေးတွေက အံ့သြစွာ ကြည့်နေကြသည်။ ကျင်းရီက မနေတတ်တော့တာကြောင့်..............

ကျင်းရီ " သွားကြတော့။ ​မနက်မှပြန်လာကြ"

ဆိုပြီး မောင်းထုတ်လိုက်ပါတယ်။

The CEO's Brave Girl Season (1) (Complete)Where stories live. Discover now