part 80

2.6K 161 15
                                    

Zawgyi



part 80

ကျောက်ဖုန်းက ဖုန်းဖိုးရှင်းလိုက်သည်။ ရှောင်ပိုင်
smart wachတစ်လုံးနဲ့ ကြိုးပျောက်နားကြပ်ဝယ်သေးသည်။

ဟန်ဖုန်း " နင်တို့ကြီးပဲ ဝယ်တော့ ဘယ်တရားပါ့မလဲ ငါလဲဝယ်မှာပေါ့"

ဆိုပြီး ရှောင်ပိုင်ဝယ်တာလိုက်ဝယ်သည်။ အရောင်ဆင်တူလေးကြောင့် coupleဖြစ်နေသည်။

ရှောင်ပိုင် " ကျောက်ဖုန်း နင်လဲငါတို့နဲ့တူတူဝယ်ပါလား ဆင်တူဖြစ်သွားတာပေါ့ သုံးယောက်လုံး "

ကျောက်ဖုန်း " တော်ပြီး မဝယ်တော့ဘူး "

ဟန်ဖုန်း " ဘာမဝယ်နဲ့လဲ ဝယ်ကိုဝယ်ရမယ်"

ဆိုပြီး အတင်းဝယ်ပေးလေသည်။ ဝယ်ပေးတော့ ကျောက်ဖုန်းကဆူပုတ်ထားသည်။

ရှောင်ပိုင် " ဆူပုတ်မနေနဲ့ နင့်ပိုက်ဆံနဲ့ဝယ်ရတာလဲမဟုတ်ပဲနဲ့"

ကျောက်ဖုန်း " သူများပိုက်ဆံသုံးနေလို့ပဲပေါ့"

ရှောင်ပိုင် " ဘာသူများလဲ မကြာခင်နင့်ယောင်္ကျားဖြစ်မဲ့ဟာ"

ကျောက်ဖုန်းက ဘာမှပြန်မပြောမိ။ ဟိုကကြိုက်လားမကြိုက်လားမသိပဲနဲ့ အတင်းပေးစားနေတဲ့ သူငယ်ချင်းတွေ နဲ့ပဲဒီနေ့အေးဆေးပျော်ဖို့ဆုံးဖြတ်ထားတယ်။

ကျောက်ဖုန်း " အိမ်စေမ ဒီအထုတ်တွေကိုင်ထား ငါ့ပစ္စည်းတွေ တစ်ခုခုဖြစ်ရင် နင်အသက်ဖက်နဲ့ထုတ်ထား"

ရှောင်ပိုင် " ဒါ......ဒါ ငါတို့ ကျောက်ဖုန်းလား"

ကျောက်ဖုန်း " ဘာတွေငေးနေလဲ နင်တို့ရဲ့ ချစ်လှစွာသော ကျောက်ဖုန်းပဲလေ ရုပ်ပိုချောသွားလို့ မမှတ်မိတာလား "

ဟန်ဖုန်း " ဟား....ဟား.... ချီးကို ရုပ်ကိုချော......ဟားဟား နင်ရုပ်ကချောမယ်ထင်နေလာ....နင့်ရုပ်ကလှနေတာ "

ကျောက်ဖုန်း " ဟွန့် ဆက်မပြောနဲ့တော့ အင်္ကျီဆိုင်သွားရအောင်"

ကျောက်ဖုန်းတို့က ဖုန်းဆိုင်ထဲက ထွက်လာပြီး တော့ အင်္ကျီဆိုင်ကိုသွားကြသည်။

ကျောက်ဖုန်း " ရှောင်ပိုင် ဒီအင်္ကျီလှတယ် သွားဝတ်ကြည့်ပါလား"

The CEO's Brave Girl Season (1) (Complete)Where stories live. Discover now