part 92

2.2K 150 4
                                    

Zawgyi




part 92

ရိုလာကိုစတာ စထွက်လာတော့ သည်။ အစက ဖြေးဖြေးချင်း သွားသည်။ ဖြေးဖြေးချင်းကနေ တဖြေးဖြေး မြန်လာသည်။ တဖြေးဖြေး အမြင့်ကိုတက်လာသည်။

ရှောင်ပိုင် " တဖြေးဖြေး အမြင့်ကိုတက်လာတော့
အူးယားသလိုပဲ "

ကျစ်ဟန် " အမြင့်ကနေ ပြန်ကျရင် အူယားဖို့မကောင်းတော့ဘူး "

ရှောင်ပိုင် " သိတယ် "

အမြင့်ဆုံးလဲရောက်ရော အောက်သို့ ပြန်ဆင်းတော့ တော်တော် ကြောက်ဖို့ကောင်းနေလေသည်။
ဆင်းတဲ့အရှိန်က အရမ်းမြန်တော့ ရိုလာကိုစတာ စီးကြတဲ့ ကောင်မလေးတွေရဲ့ စူးစူးဝါးဝါးအော်သံတွေ ထွက်ပေါ်လာသည်။ ရှောင်ပိုင်က လွှဲ၍ပေါ့။

ဆုလုက လန့်လာ၍ အော်ပြီး ကျစ်ဟန်ရဲ့ လက်ကို ဖမ်းဆွဲထားသည်။ ကျစ်ဟန်ကလဲ နားကလဲအူသွားပြီး လက်ပါဆွဲခံရတော့ စိတ်တိုပြီး လက်ကိုဖမ်းဖြုတ်လိုက်ချင်ပေမဲ့ ရှောင်ပိုင်က သဝန်တိုသလို ကြည့်လာတာကြောင့် မဖြုတ်ပဲနေလိုက်သည်။ ဒါကို ဆုလုက ကျေနပ်သွားပြီး ပိုင်းစိုးပိုင်နက်နဲ့ အသေ ဆွဲထားလေသည်။

ရှောင်ပိုင် " နားတွေ အူနေတာပဲ ဘာကြောက်စရာပါလို့ ဒီလောက် အော်နေကြတာလဲ သက်သက်ပဲများတာ ဒီလောက်ကြောက်နေရင်လဲ ဘာလို့လာစီးကြသေးလဲ ကောင်မတွေ "

ကျစ်ဟန် " 😏 "

ရှောင်ပိုင် " လူကြီးကလဲ ကျေနက်နေတယ်ပေါ့ အေလေ ကောင်မချောချောလေးက လာဖက်တော့လဲ ဘယ်ယောင်္ကျားလေးက ခံနိုင်မှာလဲ "

ကျစ်ဟန်က လက်ကိုဖြုတ်ချလိုက်သည်။ ရှောင်ပိုင်က ကျေနပ်သွားတဲ့ ရုပ်လေးနဲ့ ဘာမှပြန်မပြောတော့ပေ။

ရိုလာကိုစတာရပ်သွားတော့ ရှောင်ပိုင်က အကွက်တွေစထုတ်တော့သည်။ အခြားသူတွေက ဆင်းသွားပေမဲ့ ရှောင်ပိုင်က မဆင်းသေးပေ။

ကျစ်ဟန် " baby သွားမယ်လေ"

ရှောင်ပိုင် " Daddy. ........ babyလေ မူးပြီး အန်ချင်နေပြီး ရိုလာကိုစတာ စီးရတာက မမူးဘူး စီးတဲ့ကောင်မတွေက အသံစူးစူးကြီးနဲ့ အော်တော့ အန်ပါအန်ချင်တယ် မူးလည်းမူးတယ် "

The CEO's Brave Girl Season (1) (Complete)Where stories live. Discover now