part 53

3.5K 201 3
                                    

Zawgyi

part 53

စားစရာတွေချက်ပြီးသွားတော့ အိမ်တော်ထိန်းက အစေခံတွေနဲ့အတူ စားစရာတွေကို စားပွဲပေါ်သို့ ချပေးသည်။အိမ်တော်ထိန်းနဲ့ အစေခံတွေက ကျစ်ဟန်ရဲ့ ခုံအနောက်မှာ ညီညီညာညာစီပြီး ရပ်နေကြသည်။

ရှောင်ပိုင်က ကျစ်ဟန်ဘက်လှည့်နေရာကနေ အရှေ့သို့ပြန်လှည့်လိုက်သည်။ စားစရာတွေကို
ကြည့်ပြီး...............

ရှောင်ပိုင် " ဝါး...........စားချင်စရာကြီးတွေ.."

ပြောပြီး သရေယိုနေပေမဲ့ ပြန်မဲ့သွားပြန်သည်။

လူကြီး  " ဘာလို့လဲ baby. ...မကြိုက်ဘူးလား"

ရှောင်ပိုင် " မကြိုက်တဲ့လူဆို အရူးပဲရှိမှာပေါ့။......... ဒါပေမဲ့ ဓါးထိထားလို့ လက်နာနေတယ်။ ပုစွန်အခွံဘယ်လိုခွာမလဲ"

လူကြီး " အဲ့ဒါလေးများ ကိုယ်ခွာပေးမယ်။ ကိုယ်ခွံကျွေးမှာပေါ့"

ရှောင်ပိုင် " အဲ့ဒါဆို ခုလုပ်ပေးတော့လေ။ ဗိုက်ဆာနေပြီး လူကြီးရဲ့"

ကျစ်ဟန်က ခွာပြီး ရှောင်ပိုင်ကို ခွံကျွေး နေပြီး သာယာနေကြပါတယ်။ မသာယာနိုင်တာက အစေခံတွေပါ။ ဘာလို့လဲဆိုတော့ သူတို့သခင်လေးက ခွံကျွေးမယ်လို့ မထင်ထားလို့ပဲ။ သူတို့ရဲ့ အသန့်ကြိုက်တယ်ဆိုတဲ့ သခင်လေးဘယ်ရောက်သွားတာလဲ။ အိမ်တော်ထိန်းက သူတို့ကို 'ရှောင်ပိုင်က သခင်လေးရဲ့ ဇနီးလောင်း'လို့ပြောထားပေမယ့် သူတို့က သခင်လေးအဲ့လောက်ဖြစ်လိမ့်မယ်လို့ မထင်ထားခဲ့။

ကျစ်ဟန်က ပုစွန်အခွံခွာပြီး ကျွေးလိုက် ကြက်ကြော်လေး ကျွေးလိုက် ရေတိုက်လိုက်နဲ့။ ရှောင်ပိုင်က ကျစ်ဟန်ကို မှီပြီး ပါးစပ်ထဲရောက်သမျှအားလုံးစားပါတယ်။ နောက်ဆုံးတော့ ကုန်သွားပါပြီး။ ကျစ်ဟန်တောင် တစက်မှမစားပဲ အကုန်စားနိုင်တဲ့ ရှောင်ပိုင်ကို အစေခံတွေ လျှော့ရသွားပါပြီး။ အစေခံတွေက ပန်းကန်တွေကို သိမ်းပြီး သွားဆေးနေကြသည်။

ကျစ်ဟန်က လက်ဆေးလိုက်ပြီး ရှောင်ပိုင်ကို ရေတိုက်ပေးသည်။ ပါးစပ်သုတ်ပေးသည်။ ပြီးတာနဲ့ ရှောင်ပိုင်ကို ကြည့်ပြီး မေးလိုက်သည်။

The CEO's Brave Girl Season (1) (Complete)Where stories live. Discover now