Part 34

4.7K 314 1
                                    

Zawgyi

Part 34

ရှောင်ပိုင်လဲ ရှက်ရမ်းရမ်းပြီး ပြေးလာခဲ့သည်။ အောက်ထပ်ရောက်တော့ ဟန်ဖုန်းက ထမင်းစားဖို့ ဟင်းတွေ စားပွဲပေါ်မှာ ချနေသည်။ ရှောင်ပိုင်လည်း စားပွဲသို့သွားပြီး ချထားသည့် ရေဘူးကို အဖုံးဖွင့်၍ သောက်လိုက်သည်။ ရေတစ်ဝက်လောက် သောက်ပြီးနောက် ရေဘူးအဖုံးပြန်ပိတ်၍ ထားလိုက်သည်။

ဟန်ဖုန်းက ရှောင်ပိုင်လုပ်သမျှကို မျက်တောင်မခတ်ကြည့်နေသည်။ ရှောင်ပိုင်နှာခမ်းပေါက်ပြီး မျက်နှာနီရဲနေတဲ့အတွက်ကြောင့် ရှောင်ပိုင်ကိုစချင်လာသည်။

ဟန်ဖုန်း "ရှောင်ပိုင် နင့်မျက်နှာတွေ နီနေပါလား။ ဘာဖြစ်တာလဲ။ နေမကောင်းဘူးလား။ ခုနကအကောင်းကြီးပါ။"

ပြောရင်း ရှောင်ပိုင်နဖူးကို လက်ဖြင့် စမ်းလိုက်သည်။ ဘာမဖြစ်မှန်းသိပေမဲ့ စချင်နေတာကြောင့်။

ရှောင်ပိုင် သူ့နဖူးပေါ်တင်နေတဲ့ ဟန်ဖုန်းလက်ကို ရိုက်ချလိုက်သည်။

ရှောင်ပိုင် " မပူနဲ့ ငါနေမကောင်းဖြစ်ပြီး သေသွားရင် နင့်ကိုပါအဖော်ခေါ်သွားမှာ။ "

ဟန်ဖုန်း " ဟွန့် ငါတော့ သရဲ
မဖြစ်ချင်ပါဘူးနော်။ ငါက နတ်သမီးလေးပဲဖြစ်ချင်တာ"

ရှောင်ပိုင် "ဖင်စောင့်စောင့်ပြီး ဆယ်နှစ်ဆုတောင်းရင်တောင်ဖြစ်မှာ မဟုတ်ဘူး "

ဟန်ဖုန်း "နင်ကလေ ငါ့ကိုဆိုအကောင်းကိုမပြောဘူး"

ရှောင်ပိုင် "အကောင်းပြောရင် ငါပါးစပ်ညောင်းတယ်"

ဟန်ဖုန်း " အဆိုးပြောရင်ရော"

ရှောင်ပိုင် " ဝက်သားဖက်(wtf) ပါးစပ်ပိတ်တော့ "

ရှောင်ပိုင် ဟန်ဖုန်းနဲ့စကားပြောတာ ရှက်တာတွေတောင်ဘယ်ရောက်သွားလဲမသိ ပါးနီတွေတောင်ပြောက်ကုန်တယ်။

ဟန်ဖုန်း ရှောင်ပိုင်ကိုထပ်စချင်သေးသည်။ အပေါ်ကတစ်စုံတစ်ယောက်လာတာကို တွေ့တော့ ဟန်ဖုန်း ရှောင်ပိုင်ကိုထပ်စလိုက်သည်။

ဟန်ဖုန်း "ရှောင်ပိုင်နင့် နှခမ်းကို ဘယ်သူ....အယ် ဘယ်ကောင်ကိုက်ထားတာလဲ"

The CEO's Brave Girl Season (1) (Complete)Where stories live. Discover now