part 7

7.7K 442 2
                                    

Zawgyi

part 7

ရှောင်ပိုင် ရှော့ပင်းမောမှ ထွက်လာပြီး ကားပေါ်တက်ခဲ့သည်။ ကားပေါ်ရောက်တာနဲ့ ဘာဝယ်ရမလဲစဉ်းစားနေသည်။ ရှောင်ပိုင်က ရှောင်လုကားနဲ့ ကားဝယ်မို့ထွက်လာခဲ့သည်။ ကားဆိုင်သို့ရောက်သောအခါ ကားပုံစံအမျိုးမျိုးတွေ့ရသဖြင့် အားလုံးလိုချင်နေသည်။ အဲ့ထဲကမွ အမိုးပွင့်ပိတ်လုပ်လို့ရတဲ့ ကားဝယ်ခဲ့သည်။ ရှောင်လုကားဖြင့် အိမ်သို့ပြန်ခဲ့ပြီး ကားသစ္ကို လာပို့ခိုင်းလိုက်သည်။

အိမ်ရောက်တော့ရေချိုးလိုက်သည်။ ကျောင်း အင်္ကျီဝတ်လိုက်သည်။ ဆံပင်ကို စည်းမထားဘဲခလွှတ်လွှတ်လပ်လပ်ချထားသည်။ မိတ်ကပ်နည်းနည်းလိမ်းလိုက်သည်။ နခမ်းနီက ဆိုးစရာမလိုဘူး သူ့ဘာသာရဲနေပြီးသား။(ဟုတ်ပါပြီး မကြွားရယ်)
အသစ်ဝယ်ထားတဲ့ ကျောင်းလွယ်အိပ်ထဲကို စာအုပ်တွေထည့်ပြီးတာနဲ့ လွယ်ပြီး အောက်ဆင်းခဲ့သည်။ ခြံထဲကို လှမ်းကြည့်တော့ ကားအသစ်လာပို့ပြီးထင်ပါရဲ့။ ကားလာပို့တဲ့လူက ကားသော့ပေးပြီးပြန်သွားသည်။ ရှောင်ပိုင် လည်း ကားအသစ်ဖြင့် ကျောင်းသို့လာခဲ့သည်။

ကျောင်းသို့ရောက်သောအခါ ရှောင်ပိုင်ကို မျက်လုံးထွက်မတက်ကြည့်နေကြသည်။ တစ်ချို့ဆို ကျောင်းသားအသစ်လားလို့တောင် ထင်နေကြတယ်။ ကျောင်းသားတစ်ချို့ဆို ရှောင်ပိုင်နောက်လိုက်နေကြသည်။ ရှောင်ပိုင်လည်း အခန်းဆီသို့ လာပြီး အခန်းရှေ့မှာရပ်လိုက်သည်။ အခန်းတံခါးက ပိတ်ထားသည်။

ရှောင်ပိုင် ''@ကျောင်းအချိန်ကြီးဘာလို့တံခါးပိတ်ထားတာလဲ။ အထဲမှာဆူညံသံတွေကြားနေရတယ်။ အခန်းထဲမှာလူရှိပြီးတံခါးပိတ်ထားတယ်ဆိုတော့ ...,. ..''

ရှောင်ပိုင် အခန်းတံခါးအပေါ်ကိုကြည့်တော့ရေပုံးတွေ့တယ် ။ဘယ်သူကို လုပ်မို့မှန်းမသိပေမဲ့ ရှောင်ပိုင်ဝင်သွားရင် ထိမှာဆိုးတဲ့အတွက် အခန်းတံခါးကို အပြင်ကနေ ခြေထောက်ဖြင့် ကန်ထုတ်လိုက်သည်။ အခန်းတံခါးပွင့်သွားပြီး ရေပုံးလဲပြုတ်ကျလာသည်။ ရေတွေလည်း ကြံပြင်မှာ စိုရွှဲလို့နေသည်။ ထိုအခါမွ ရှောင်ပိုင်လဲ အခန်းထဲသို့ ဝင်သွားသည်။ ရှောင်ပိုင်အခန်းထဲသို့ဝင်သောအခါသူ့ကို ငေးနေသော အတန်းသူ/သားတွေကို ဂရုမစိုက်ပဲ သူ့ခုံမှာ သူသွားထိုင်လိုက်ပြီး စာအုပ်တွေထုပ်လိုက်သည်။

The CEO's Brave Girl Season (1) (Complete)Where stories live. Discover now