part 3

9.1K 600 5
                                    

Zwagyi

part 3

ရှောင်ပိုင်''ဘယ်လိုလဲ ညီမလေးထပ်ပြီးလူခေါ်အုံး မို့လား လာလေ အားလုံးကို အကောင်းတိုင်းမမြင်ချင်ရင် လူထပ်ခေါ်လိုက် မမကတော့ကိစ္စမရှိဘူးနော် 😏😏''

ရှောင်လုက ရှောင်ပိုင်ကို စိတ်တိုလာကာ ရှောင်ပိုင်ကို အနားမှာရှိတဲ့ ကြာပွတ်ကို ဆွဲယူပြီး ရှောင်ပိုင်ကိုရိုက်တော့သည်။ ရှောင်ပိုင် လည်း မိမိပေါ်ကျလာမည့် ကြာပွတ်ကို ဆွဲလိုက်တော့ ရှောင်လုက ယိုင်သွားကာ ရှောင်ပိုင်အရှေ့သို့ ရောက်လာသည်။
ရှောင်ပိုင်လည်း အခွင့်အရေးကို လက်လွှတ်မခံပဲ ရှောင်လုရဲ့လက်ကို ဆွဲကာ ချိုးလိုက်သည်။ ရှောင်ပိုင်က အားနည်းနေသေးတာမို့ လက်ကမကျိုးပဲ အဆစ်တာ လွှဲသွားသည်။

ရှောင်လု''  အ...နာတယ် လွတ်ငါလက်ကို ရုပ်ဆိုးမ''

ရှောင်ပိုင်''ညီမလေးလွှတ်စေချင်တော့လဲ လွှတ်ပေးရမှာပေါ့။ ဒါပေမဲ့ ညီမလေးနောက်ခါမမကိုရန်လာစရင်ဒီထက်ဆိုးမှာနော်။ဟိုဘိုးတော်ကြီးကိုမမကဂရုမစိုက်ဘူး။ ပြီးတော့ကိုယ်ကိုကိုယ်မယားငယ်ရဲ့သမီးဆိုတာကိုမေ့မနေနဲ့။  ဟိုကအစောင့်တွေ နင်တို့ရဲ့ ချစ်လှစွာသော သခင်မလေးကို ခေါ်သွားပြီး ဆေးကုပေးလိုက်''
ရှောင်လုမှာ နာကျင်လို့ စကားတောင်ပြန်မပြောနိုင်ပေ။

အစောင့်များ''ဟု....ဟုတ်''

အစောင့်တွေက ရှောင်လုကို တွဲကာ ခေါ်သွားပြီး အခန်းတံခါးနားအရောက် ရှောင်ပိုင်က အစောင့်တွေကို တားပြီး

ရှောင်ပိုင် ''နင်တို့သိတယ်ဟုတ် ဒီကိစ္စတွေက ဘိုးတော်ကြီးသိသွားရင် နင်တို့ဘာဖြစ်ဖြစ် ဂရုမစိုက်ဘူးဆိုရင်တောင် နင်တို့မိသားစုတွေအတွက်ကတော့ ထည့်စဉ်းစားပေးသင့်တယ်။ ငါစိတ်ငါ အာမမခံနိုင်ဘူး''

အစောင့်များ''ဟုတ် ကျွန်တော်တို့သိပါပြီး''

အစောင့်တွေသွားတော့ ရှောင်ပိုင်က မှန်တင်ခုံနားသွားပြီး ကြည့်မိတော့ စိုးလိုက်တဲ့ရုပ် မျက်နှာမှာ ဘာတွေလိမ်းထားမှန်းတောင်မသိ ။မဲနေတဲ့မျက်နှာကိုတွေ့လိုက်ရလေသည်။ ရှောင်ပိုင်ရေချိုးခန်းသွားကာ ရေချိုးလိုက်တယ်။ မျက်နှာကိုလဲ မျက်နှာသစ်ဆေးနဲ့သစ်လိုက်သည်။ မျက်နှာကိုတော့မကြည့်မိ။ ရေချိုးသပတ်နဲ့ပတ်ပြီး မှန်ရှေ့ရောက်တော့ အံ့သြသွားရသည်။ အသားဖြူဖြူ ဆံပင်ကလည်း နက်မှောင်ပြီး အိစက်နေသည်။ ဆေးအကူမပါပဲ နီရဲနေတဲ့ နှခမ်းကို့ကြည့်ပြီး ကိုယ့်ကိုကိုယ်တောင် ပြန်ကြွေချင်မိသည်။ လှပတဲ့ခန္ဓာကိုယ်အချိုးအစားမှာ သရေယိုမိသည်။ရှောင်ပိုင်ရဲ့မှတ်ဥာဏ်ကို တူးဆွကြည့်တော့ ငယ်ငယ်ထဲက မိထွေးက ဘူးတစ်ဘူးပေးပြီး လိမ်းခိုင်းသည်။ အမြဲလိမ်းရမည်လို့ပြောသည်။ မလိမ်းလျှင် အရိုက်ခံရမည် ဖြစ်တာကြောင့် အမြဲလိမ်းရလို့ အကျင့်တောင်ဖြစ်နေသည်။ မိထွေးက ရှောင်ပိုင်ကို တီရုပ်အပွတွေပဲပေးဝတ်သည်။

The CEO's Brave Girl Season (1) (Complete)Where stories live. Discover now