part 2

10.8K 691 2
                                    

Zwagyi

Part 2

ရှောင်ပိုင်.....''ညီမလေးမှာ သက်သေရှိလား။ မမကဆံပင်ဆွဲတယ်ဆိုတာ''

ရှောင်လု.....''ညီမလေးက မမရည်းစားကို လုတာမဟုတ်ပါဘူး။ လီဖန်က ညီမလေးကို တကယ်ကြိုက်တာပါ။ မမစိတ်ဆိုးပြီး ညီမလေးဆံပင်ကို ဆွဲတာလေ။ အဲ့ဒါနဲ့ ညီမလေးက ခုခံမိတာပါ။''

ရှောင်ပိုင်....''အိုး.....နင့်ကိုဆံပင်ဆွဲတယ်ပေါ့။ ထားပါတော့ ခွင့်လွှတ်ပါတယ်။ ကြာပန်းဖြူယောင်ဆောင်တဲ့လူနဲ့ ကလိမ်ကကျစ်ကျတဲ့လူ လိုက်လဲလိုက်ဖက်ပါတယ်။''

ရှောင်ပိုင်ပြောတော့ တစ်ချိန်လုံးငြိမ်နေတဲ့ ဘိုးတော်ကြီးက

ဘိုးတော်ကြီး......''ရှောင်ပိုင် ရှောင်လုက တောင်းပန်ပြီးမဟုတ်လား။ နင်ဘာတွေပြောနေတာလဲ။ မမှားတဲ့လူက အရင်တောင်းပန်နေတာ ။အမှန်ဆိုရင် နင်တောင်းပန်ရမှာ။ ပြီးတော့ လီဖန်းနဲ့
ရှောင်လုက တကယ်ချစ်ကြတာဆိုတော့ နင်နောက်ဆုပ်ပေးလိုက်။ သူတို့ကို ငါလက်ထက်ပေးမယ်။''

ရှောင်ပိုင်...''လီဖန်ကို ကျွန်မကတကယ် မကြိုက်ပါဘူး။ သူ ကျွန်မကိုကစားသလို သူ့ကိုလဲ ကျွန်မကစားနေတာ ။လက်ထက်ပေးလိုက်တော့ ပိုပျော်စရာကောင်းတာပေါ့ အဖေတို့ကြိုက်သလို စီစဉ် သမီးနဲ့ မဆိုင်ရင်ပြီးရော''

(အတွေးတွေဆို@@နဲ့ပြပါ့မယ်)

ရှောင်လု....@ဒီရုပ်ဆိုးမ ဘာတွေပြောနေတာလဲ ဆေးမှားသောက်ထားတာလား။ ရေကန်ထဲပြုတ်ကျပြီး ဂေါက်သွားတာလား။ ဒီနေ့ ထူးဆန်းနေသလိုပဲ ။ အရင်ကဆို လီဖန်ကိုကြိုက်တာ တစ်ပိုင်းသေတော့မလိုပဲ ဒီနေ့မှကစားတာတဲ့ ရုပ်ဆိုးမ ငါအကြောင်းသိစေရမယ်။@

ဘိုးတော်ကြီး..... ''ပြီးရော လက်ခံပြီးဆို မဂ်လာပွဲ စီစဉ်လိုက်တော့မယ်။''

ရှောင်ပိုင်/ ရှောင်လု.......''ဟုတ်ကဲ့အဖေ''

ဘိုးတော် ထွက်သွားတော့ ရှောင်လုက

ရှောင်လု...''ဟဲ့ရုပ်ဆိုးမ နင်ဘာတွေဟန်ဆောင်ပြနေတာလဲ ။နင်လီဖန်းကို မကြိုက်တာ ချီးငုံပြီးပြောတောင် မယုံဘူး''

ရှောင်ပိုင်....''ယုံတာမယုံတာ နင့်အပိုင်း။ ငါနဲ့မဆိုင်ဘူး။ နင်ကိုယုံအောင် လေကုန်ခံပြီးပြောပြရအောင် နင်က ဘာအဆင့်ရှိလဲ မယားငယ်ရဲ့ သမီးကများ။''

The CEO's Brave Girl Season (1) (Complete)Where stories live. Discover now